သူနဲ့ အရမ်းလိုက်ဖက်တဲ့ဇာတ်ကားပါ။

‘’အခမ်းနားဆုံး မေတ္တာ’’ရုပ်ရှင်ထဲက လိပ်ပြာဆိုတဲ့ ကောင်မလေးအဖြစ်သရုပ်ဆောင်ထားတဲ့ နေခြည်ဦးရဲ့ သရုပ်ဆောင်အရည်အချင်းတွေအပေါ် နေတိုးက သုံးသပ်ပြောပြခဲ့ပါတယ်။ 

နေတိုးကတော့ ‘’အခမ်းနားဆုံး မေတ္တာ’’ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ လိပ်ပြာ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ နေခြည်ဦးအကြောင်းကို ပြောပြလာပါတယ်။ သူမနဲ့လည်း အရမ်းကို လိုက်ဖက်တဲ့ ကာရိုက်တာတစ်ခုပါလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာပါ။



‘’သူ့အတွက်က ဒါဟာအခွင့်အရေးတော်တော်ကောင်းတဲ့ ဇာတ်ကားတစ်ကားပါ။ သူနဲ့လည်းအရမ်းလိုက်ဖက်တယ်။ အဲဒါကြောင့်လည်း ဒီကာရိုက်တာအတွက် နေခြည်ဦးကို ရွေးမိတယ်လို့လည်း ကျွန်တော် ထင်တယ်။ သူ့ကိုရွေးချယ်လိုက်တဲ့အပေါ်မှာလည်း ကျွန်တော့်အနေနဲ့က သူ ဒီဇာတ်ကားကို သရုပ်ဆောင်နိုင်တယ်လို့လည်း ကျွန်တော် ယုံကြည်တယ်’’ လို့ ဆိုပါတယ်။

နေခြည်ဦးကတော့ ''အခမ်းနားဆုံး မေတ္တာ''ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ရုံးဝန်ထမ်း ကောင်မလေး လိပ်ပြာအဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ သူမနဲ့ နေတိုး တို့ ပထမဦးဆုံးအကြိမ် တွေ့ဆုံခွင့်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဆိုလည်း မမှားပါဘူး။ ဒီဇာတ်ကားကို မရိုက်ခင်က နေခြည်ဦးတစ်ယောက် နေတိုးကို စကားစမပြောရဲလောက်အောင် ရှိန်နေခဲ့တယ်လို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ နေခြည်ဦးကို ပရိသတ် စသိခဲ့တာကတော့ Beauty Blogger တစ်ယောက်ပါ။ ဒါပေမယ့် သရုပ်ဆောင် အလုပ်ကို ဝါသနာပါလွန်းသူဖြစ်တာကြောင့် အခုဆိုရင် ရုပ်ရှင်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရပြီဖြစ်ပါတယ်။

အခမ်းနားဆုံး မေတ္တာရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ နေတိုးက ဦးတက်လူနိုင် ဆိုတဲ့ လူငယ် သူဌေးတစ်ယောက် ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားလေးရဲ့ ပုံစံကတော့ Romantic ဆန်ဆန် အချစ်ဇာတ်ကားလေးတစ်ကားပါ။ ဒီဇာတ်ကားကို အောက်တိုဘာလ ၁၇ ရက်နေ့ကနေစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ နေတိုးကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေရော၊ နေခြည်ဦးကို အားပေးတဲ့ ပရိသတ်တွေကပါ စောင့်မျှော်အားပေးနေကြတဲ့ ဇာတ် ကားတစ်ကားဆိုရင်လည်း မမှားပါဘူး။

နေတိုးဟာ သူပါဝင်သရုပ်ဆောင်ရတဲ့ ကာရိုက်တာတိုင်းကို အပီပြင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်တတ်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က