သူက ငိုလို့မရသေးတော့ ငိုလို့ရအောင် သင်ပေးလိုက်ရသေးတယ်။

ဖြိုးငွေစိုးက စီနီယာသရုပ်ဆောင်တွေအပေါ် လေးလေးစားစားဆက်ဆံတတ်တဲ့ နေခြည်ဦးရဲ့ စိတ်ဓာတ်ကို ချီးကျူးပြောဆိုခဲ့ပါတယ်။ နေခြည်ဦး ကြောင့်ပဲ ရှုတင်အပြန်နောက်ကျခဲ့တဲ့ အမှတ်တရကို ပြောပြလာပါသေးတယ်။

Photo: ဧည့်သည်



ဖိုးငွေစိုး တစ်ယောက် ရိုက်ကွင်းပေါ်မှာ ငိုမရဖြစ်နေတဲ့ နေခြည်ဦး အကြောင်းကို သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ ဒါကလည်းရိုက်ကွင်းပေါ်က သူ့အတွက် အမှတ်တရ တစ်ခုပဲလို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

’အခန်းတစ်ခန်းဆိုရင် ကျွန်တော် အိမ်ပြန်ရတော့မယ်။ ရှုတင်ပြီးလို့ ကျွန်တော် ပြန်ရတော့မယ်ပေါ့။ သူငိုတာကြာလို့ ကျွန်တော် မပြန်ရဘူး။ သူ့ကို ကျွန်တော် သွားပြီးတော့ အကြံပေးလိုက်တယ်။ ညီမလေး ဘယ်လို ၊ ဘယ်လိုလေးလုပ်ကြည့်ပါလားလို့ပြောလိုက်မှ သူလည်း အဆင်ပြေသွားပါတယ်’’ ဆိုပြီးတော့ ‘’ဧည့်သည်’’ရုပ်ရှင်ကားကြီး အထူးပြပွဲမှာ ရယ်ရယ်မောမောနဲ့ ဖြေဆိုခဲ့တာ တွေ့ရပါတယ်။

Photo: ဧည့်သည်

အဲဒီနောက် စီနီယာတွေအပေါ် လေးလေးစားစား ဆက်ဆံတတ်တဲ့ နေခြည်ဦးရဲ့ စိတ်ဓာတ်ကိုလည်း ဖြိုးငွေစိုးက ချီးကျူးခဲ့ရပါသေးတယ်တဲ့။

‘’အဲဒါနဲ့ ပြန်ခါနီးကျတော့မှ အစ်ကို ကျေးဇူးပဲ ဘာညာ ပြန်လာပြောသွားတယ်။ အဲဒါနဲ့ သြော်.. မဆိုးပါဘူးပေါ့။ သူ့အထာနဲ့သူတော့ ရှိသားပဲပေါ့။ နားလည်တတ်သားပဲပေါ့။ ဒီဇာတ်ကားမှာပါတဲ့ ကလေး ၃ ယောက်စလုံးက ကျွန်တော်တို့နဲ့ အဆင်ပြေတယ်။ အချိုးမပြေဘူးလို့လည်း မခံစားရဘူး’’ လို့ သူကဆိုပါတယ်။

ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီးကို မေလ ၃၀ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင်က ရိုက်ကူးပုံဖော်ထားတာပါ။ ရွှေထူး၊ ရွှေမှုန်ရတီ၊ နေခြည်ဦးနဲ့ ဧည့်သည် သရုပ်ဆောင် ဖြိုးငွေစိုး တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားကတော့ အချစ်ဇာတ်ကားလေး တစ်ကားပါပဲ။

ဖြိုးငွေစိုးဟာ အနုပညာအလုပ်တွေ ဆက်တိုက်မလုပ်ဖြစ်ပေမယ့် ကမ်းလှမ်းလာတဲ့ ကာရိုက်တာ တိုင်းကိုတော့ အကောင်းဆုံးဖြစ်အောင် ကြိုး စားသရုပ်ဆောင်လေ့ရှိပါတယ်။ အခုနောက်ပိုင်းမှာလည်း ကာရိုက်တာ မရွေးပဲ ရိုက်ကူးလာတဲ့ ဇာတ်ကားတွေ ရှိပါတယ်။ သူရိုက်ချင်တဲ့ ကာရိုက်တာမျိုးကတော့ စိတ်ကူးထဲမှာပဲ ရှိသေးတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က