ဘာစီလိုနာကို နေမာပြန်လာမယ်လို့ သတင်းကြီးနေတာပါ။

နေမာဖက်ကသာ တစ်ဦးတည်းပြန်လာချင်နေတာ ဖြစ်ပြီး ဘာစီလိုနာဖက်က တစ်စုံတစ်ရာ ဆက်သွယ် ဆောင်ရွက်ထားခြင်း မရှိဘူးလို့ ဒု-ဥက္ကဌ ဂျော်ဒီက ထုတ်ဖော်ပြောခဲ့တာပါ။

ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာအနေနဲ့ အသင်းဟောင်း ဘာစီလိုနာကို ပြန်ရောက်မယ်ဆိုတဲ့သတင်းတွေ ဒီရက်ပိုင်း အတော်လေး ပျံ့နှံ့နေခဲ့ပါတယ်။



ဒီအပေါ်မှာ ဘာစီလိုနာအသင်းရဲ့ ဒု-ဥက္ကဌ ဂျော်ဒီကာဒိုနာက နေမာကသာ ဘာစီလိုနာကို ပြန်လာချင်နေတာ ဖြစ်ပြီးမိမိတို့ကလပ်အသင်းဖက်က တစ်စုံတစ်ရာ အဆက်အသွယ် ပြုလုပ်ထားခြင်း အလျဉ်းမရှိဘူးလို့ ပြန်လည် ရှင်းလင်းခဲ့တဲ့အကြောင်းကို BBC SPORTက ထုတ်ဖော်လာခဲ့ပါတယ်။

“ကျွန်တော်ကတော့ နေမာကသာပြန်လာချင်နေတာပါ၊ လက်ရှိမှာတော့ဘာကိုမှ အတည်မပြုပေးနိုင်သေးပါ ဘူး၊ သေချာတာကတော့ ကျွန်တော်တို့ ဘာစီလိုနာအသင်းက တစ်စုံတစ်ရာ အဆက်အသွယ်ပြုလုပ်ထားခြင်း လုံးဝမရှိထားပါဘူး။” လို့ ဂျော်ဒီကာဒိုနာက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဘာစီလိုနာအနေနဲ့ နေမာအပါအဝင် အခြား ဘယ်ကစားသမားကိုမှ ထပ်မံ ခေါ်ယူဖို့ လုပ် ဆောင်နေခြင်း မရှိသေးတဲ့အကြောင်းနဲ့ နေမာကို ပြန်ခေါ်ဖို့ မဖြစ်နိုင်ဘူးဆိုတာကိုလည်း ဂျော်ဒီက ပြောခဲ့ ပါတယ်။

နေမာကတော့ ပီအက်စ်ဂျီကို ၂၀၁၇ခုနှစ်တုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀၀ နဲ့ ရောက်ရှိခဲ့ပေမယ့် ၂ နှစ်အကြာမှာ အသင်းပြောင်းဖို့ ဖြစ်လာခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က