မနေ့က လေးနာရီကြာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့မှာ ဥရောပအပြောင်းအရွှေ့ဈေးကွက်က ပိတ်သိမ်းတော့မှာဖြစ်ပြီး ဘာစီလိုနာဘက်က အားထုတ်ကြိုးပမ်းမှုတွေကို ဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။


ဘာစီလိုနာအသင်းဟာ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးနေမာကို ပေါင် ၁၅၃နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ နှစ်ဖက်အသင်းတာဝန်ရှိသူတွေဟာ လေးနာရီကြာဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပြီး အဆိုပါဆွေးနွေးမှုမှာ ဘာစီလိုနာအားကစားဒါရိုက်တာအဘီဒယ်၊ အမှုဆောင်အရာရှိချုပ်အော်စကာဂါရူနဲ့ ပီအက်စ်ဂျီအားကစားဒါရိုက်တာလီယိုနာဒိုတို့ပါဝင်ခဲ့တ်ယလို့ သိရပါတယ်။

အင်္ဂါနေ့နေ့လယ်ပိုင်းမှာ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပြီး နူးကမ့်ကလပ်အနေနဲ့ အသင်းတိုက်စစ်မှူးဟောင်းကို ပြန်လည်ခေါ်ယူနိုင်ဖို့ နီးစပ်လာခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂ ရက်နေ့မှာ ဥရောပအပြောင်းအရွှေ့ဈေးကွက်က ပိတ်သိမ်းတော့မှာဖြစ်ပြီး ဘာစီလိုနာဘက်က အားထုတ်ကြိုးပမ်းမှုတွေကို ဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးမှုရဲ့ ရလဒ်အဖြစ်တော့ ဘာစီလိုနာအသင်းဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂျာဗီယာဘော်ဒက်စ်က နေမာကို ပြန်လည်ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ စပိန်သတင်းစာ El Prat ကို လေဆိပ်မှာ ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ နေမာရဲ့ အပြောင်းအရွှေ့မှာ ပါဝင်သူတစ်ဦးစြဖ်တယ်လို့ သိရတဲ့ ဘော်ဒက်စ်က အတည်ပြုပြောဆိုခဲ့တာဖြစ်လို့လည်း ဖြစ်နိုင်ချေရှိတယ်လို့ သုံးသပ်ရပါတယ်။

နေမာဟာ ၂၀၁၇ မှာ ပီအက်စ်ဂျီကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း ၂၀၀နဲ့ ပြောင်းရွှေ့သွားခဲ့သူဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့အတူ အောင်မြင်မှုတွေရယူနိုင်ခဲ့ပေမယ့်လည်း ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လူမှုဘဝနေထိုင်မှုအဆင်မပြေမှုတွေလည်း ဖြစ်ပွားခဲ့လို့ နေမာက စပိန်ကို ပြန်လည်ပြောင်းရွှေ့ချင်နေခဲ့တာဖြစ်ပါတယ်။

ကစားသမားရဲ့ အမူအကျင့်နဲ့ စိတ်ပိုင်းဆိုင်ရာအပေါ်မှာလည်း ပြင်သစ်ကလပ်က စိတ်ပျက်နေခဲ့ပြီး သူတို့အလိုရှိတဲ့ပြောင်းရွှေ့ကြေးရရှိပါက ရောင်းချသွားဖို့ အသင့်ဖြစ်နေပါတယ်။ ဒီအတွက် ဘာစီလိုနာဘက်က ကမ်းလှမ်းခဲ့တဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးက ပီအက်စ်ဂျီအတွက် စဉ်းစားစရာဖြစ်လာခဲ့ပြီး ပေါင် ၁၅၃သန်းအပြင် ဒမ်ဘီလီကိုပါ တောင်းဆိုဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

Share

က္က