ပရိသတ်တွေလည်း ကျန်းမာရေး ဂရုစိုက်ကြပါတဲ့။

ပရိသတ်အချစ်တော်မလေး ဝတ်မှုံရွှေရည်တစ်ယောက် နေမကောင်းလို့ အလုပ်တွေ ရက်ရွှေ့ထားရတယ်လို့ဆိုပါတယ်။ ပရိသတ်တွေကိုလည်း ကျန်းမာရေးဂရုစိုက်ကြဖို့ ပြောခဲ့ပါသေးတယ်။

Photo: Wutt Mhone Shwe Yi

သရုပ်ဆောင် ဝတ်မှုံရွှေရည်က မိုးရာသီမှာ နေမကောင်းတဲ့သူတွေ အဖြစ်များလို့ သူ့ရဲ့ ပရိသတ်တွေကို ကျန်းမာရေး ဂရုစိုက်ဖို့ပြောပါတယ်။ သူ ကိုယ်တိုင်ကလည်း အခုချိန်မှာ နေမကောင်းဖြစ်နေတယ်လို့ ဆိုပါတယ်။

‘’ ပရိသတ်တွေ အားလုံးနေကောင်းလား၊ ကစ်ကတော့ နေမကောင်းဘူး။ ကျန်းမာရေးဂရုစိုက်ကြပါ။ ကစ်တောင်မှ အိပ်ရာထဲ ၂ ရက်လောက် လဲသွားပါတယ်။ အခုလည်း နေမကောင်းသေးဘူး အဲဒါကြောင့် အလုပ်တွေ အကုန် ရွှေ့လိုက်ရတယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ Live လွှင့်ရင်း ပြောပြခဲ့တာပါ။

Photo: RBV

အဲဒီနောက် ဝတ်မှုံရွှေရည်ဟာ ‘’ဒဏ္ဍာရီမိုး’’ ရုပ်ရှင်ကားကြီး လက်မှတ်ထိုးပွဲကို ပါဝင်နိုင်မှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။ ကျန်းမာရေး မကောင်းတာကြောင့်ရော၊ နောက်ထပ် ဇာတ်ကားရိုက်ဖို့အတွက် အားမွေးရဦးမယ်လို့လည်း သူကပြောပါတယ်။

‘’ ကစ်လည်း ရေစကြိုဘက်မှာ ဇာတ်ကား သွားရိုက်ဖို့ရှိတယ်။ ဝတ်လဲတော် ရွှေပုဆိုး ဇာတ်ကား ရိုက်ရမှာ။ တကယ့်ကို အဝေးကြီးသွားရမှာဆိုတော့ အားမွေးနေရတာ။ မြစ်ရဲ့ တစ်ဖက်ကမ်းမှာ ရိုက်ရမှာ။ ကားရော၊ သဘောၤရောနဲ့ သွားရမှာ ဝေးတော့လေ ကစ် နည်းနည်းလေး အားယူနေပါတယ်’’ လို့ သူကဆိုပါတယ်။


Photo: RBV

ဝတ်မှုံရွှေရည်က Facebook Live လွှင့်ရင်း ပရိသတ်တွေကို စနောက်ခဲ့ပါသေးတယ်။ နေမကောင်းဖြစ်မှ ဝိတ်တတ်လာပြီတဲ့။

‘’ ကစ်က နေမကောင်းလို့လေ စားတာ စားတာ ဆိုတာ အိမ်ထဲမှာနေပြီးတော့လည်း တစ်မျိုးပြီး တစ်မျိုးစားတာ။ နေမကောင်းတာ ဝိတ်တောင် တော်တော်တက်လာပြီနော်၊ ကစ်က နယ်ရောက်ရင် ပုံတွေ သိပ်တင်တော့မှာ မဟုတ်ဘူးဆိုတော့ အားလုံး သတိရနေပေးကြပါလို့ ပြောချင်ပါတယ်။ ’’ ဆိုပြီးတော့ ပရိသတ်တွေကို စရင်း နောက်ရင်းနဲ့ပြောပြလာပါသေးတယ်။

Photo: RBV

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။

Share

Loading Next Article...
က္က