သူမက ကျန်းမာရေးချူချာသူတစ်ဦးပါတဲ့။

စံရတီမိုးမြင့်ဟာ ချူချာလှတဲ့ သူမရဲ့ ခန္ဓာကိုယ်ကြောင့် လူမှုရေးနဲ့ အလုပ်ကိစ္စတွေမှာပျက်ကွက်ခဲ့လို့ တောင်းပန်စကားဆိုခဲ့ပါတယ်။ အနုပညာအလုပ်တွေလည်း လုပ်နေရတာဖြစ်သလို ကျန်းမာရေးကိုလည်း အထူးဂရုစိုက်နေရသူပါ။

Photo: Amazing Grace



စံရတီမိုးမြင့်တစ်ယောက် သူမရဲ့ ကျန်းမာရေးကြောင့် အလုပ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ပျက်ကွက်ခဲ့တာတွေရှိတယ်လို့ ဆိုပါတယ်။

‘’မွေးနေ့တည်းကလူရောစိတ်ရောပင်ပန်းပြီး နေမကောင်းဖြစ်နေလို့ ရွှေ့လိုက်ရတဲ့အလုပ်တွေနဲ့ လူမှုရေးပွဲတွေပျက်ကွက်မှုတွေအားလုံးအတွက် စိတ်မဆိုးကြပါနဲ့လို့နော်။ နေမကောင်းပေမယ့် Mask တော့ပုံမှန်ကပ်ဖြစ်ပါတယ်လို့’’ ဆိုပြီးတော့ ဇွန်လ ၇ ရက်နေ့ နေ့လယ် ၂ နာရီ ၁၀ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: San Yati Moe Myint

သူမဟာ ကျန်းမာရေးကြောင့် Gym တွေလည်း မကြာခဏ ဆော့ဖြစ်နေပါတယ်။ လက်ရှိမှာလည်း အရမ်းလှတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားသူပါ။ ဒါမေယ့် လက်ရှိ သူမ ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်အတွက် ပြည့်ပြည့်စုံစုံဖြစ်အောင် ကြိုးစားရဦးမယ်လို့ ဆိုပါတယ်။

‘’အမှန်ကအစားစားရမှာ အစားစားပြီး ဝိတ်လေး နည်းနည်းပြန်တင်ပြီး Gym ဆော့ရမှာ။အသားကျစ်ကျစ်လစ်လစ်ဖြစ်အောင်လို့ အခုက ပိန်တော့ ပိန်တယ်။အသားနည်းနည်းပျော့တယ်ပေါ့နော်။ အဲဒီအတွက်လည်း ပြန်လုပ်ရမယ်။ ဒီရက်ပိုင်းဘပွဲတွေဆက်နေတော့ အဲဒါပြီးမှပဲ လုပ်နိုင်မှာပါ’’ လို့ Duwun media အင်တာဗျူးမှာဘြေဖဆိုခဲ့ပါတယ်။

Photo: Amazing Grace

စံရတီမိုးမြင့်ဟာ ၂၀၁၉ ခုနှစ် ဇွန်လ ၃ ရက်နေ့က အသက် ၂၅ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ မွေးနေ့ကိုတော့ အလှူအတန်းတွေလုပ်ရင်း ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။ သူမက အခုလက်ရှိမှာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေနဲ့ ဂျာနယ်တွေရဲ့ မျက်နှာဖုံးရှင်တစ်ဦးအဖြစ်ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ သိပ်မရှိတော့တဲ့ သူ့အနေနဲ့ ပရိသတ်တွေနဲ့အဆက်အသွယ်မပျက်အောင် ဖေ့စ်ဘွတ်ကနေ ဆက်သွယ် လျှက်ရှိတယ်လို့ သိရပါတယ်။

Photo: Amazing Grace

သူ့ရဲ့အနုပညာလှုပ်ရှားမှု အနေနဲ့ ကတော့ ၂၀၁၈ ခုနှစ်က စပြီး ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားတွေမကြာခဏဆိုသလို ရိုက်ကူး ရေး တွေ လုပ်နေတာကို တွေ့ရပါတယ်။ စံရတီမိုးမြင့်ကိုပရိသတ်တွေက ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေကနေတဆင့် စတင် သိရှိလာတာဖြစ်ပါတယ်။ ခပ်စွာစွာ ကောင်မလေး ကာရိုက်တာတွေကလည်း သူနဲ့ အရမ်းကို

လိုက်ဖက်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က