သင်ဇာဝင့်ကျော်က သူမနဲ့ ချိန်းထားတဲ့ ကိစ္စတွေကို နေမကောင်းဖြစ်နေလို့ ပျက်ကွက်လိုက်ရတယ်လို့ဆိုပါတယ်။ ပရိသတ်တွေကလည်း စိတ်ပူနေကြတာကို တွေ့ရပါတယ်။
Photo: Htet Paing Ye
သရုပ်ဆောင် သင်ဇာဝင့်ကျော်က သူမရဲ့ ကျန်းမာရေးအခြေအနေကြောင့် ပျက်ကွက်ခဲ့တဲ့ ကိစ္စတွေကို တောင်းပန်စကားဆိုလာပါတယ်။
‘’သင်ဇာအရမ်းနေမကောင်းဖြစ်နေလို့ ဒီနေ့ချိန်းထားသည့်ကိစ္စများပျက်ကွက်သွားသည့်အတွက် သင်ဇာတောင်းပန်ပါတယ်နော်’’ ဆိုပြီးတော့ ဇွန်လ ၃၀ ရက်နေ့ မနက် ၁၀ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ နေမကောင်းဘူးဆိုတဲ့ သင်ဇာ့အတွက် ပရိသတ်တွေက နေအမြန်ပြန်ကောင်းဖို့ မျှော်လင့်နေတယ်လို့ Comment ပေးထားတာ တွေ့ရပါတယ်။
Photo: Thin Zar Wint Kyaw
သင်ဇာဝင့်ကျော်ရဲ့ အနုပညာသက်တမ်းက ကြာပြီဖြစ်ပါတယ်။ ပရိသတ်လက်ခံတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာဖို့ အခက်အခဲတွေကြားက ကြိုးစားလာခဲ့ရသူပါ။ ဒီ့အတွက်ကြောင့် သူကိုယ်တိုင်က ရည်မှန်းချက်မထားတတ်သူတွေကို အထင်မကြီးတတ်တဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။
‘’ရည်မှန်းချက်မရှိ ကြိုးစားချင်စိတ်မရှိ အပျော်အပါးပဲမက်ပြီး ယောင်လည်လည်လုပ်နေသူများကိုတော့ သင်ဇာက sorry ပါ။ အပြင်ကကိစ္စအသေးအမွှားလေးကိုတောင် မဖြေရှင်းနိုင်ဘဲ စိတ်ညစ်ပြီး ညည်းပြနေရင် အလုပ်မှာ ပြဿ နာတက်ရင်လည်း ဖြေရှင်းနိုင်မယ်မထင်။ ဒီနေ့တွေးမိတဲ့အတွေးလေးပါ။ မည်သူ့ကိုမှရည်ရွယ်ပြီးရေးခြင်းမဟုတ်’’ ဆိုပြီးတော့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် သူ့ရဲ့ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး အခုလို ရင်ဖွင့်ပြောပြခဲ့ဖူးပါတယ်။
Photo: Amazing Grace
သင်ဇာဝင့်ကျော်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားတာဖြစ်သလို တီဗီကြော်ငြာတွေ၊ ပွဲလမ်းသဘင်တွေလည်း အဆက်မပြတ် သွားနေရတာဖြစ်ပါတယ်။ သူကတော့ လက်ရှိအချိန်ထိ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ မင်းသမီးတစ်ယောက်ပါ။ ဇွန်လ အတွင်းမှာပဲ ချစ်သူနဲ့ လမ်းခွဲလိုက်တာ ဖြစ်တာကြောင့် သူမရဲ့အချစ်ရေးကတော့ လက်ရှိမှာ Single ပါပဲ။