အိန္ဒြာကျော်ဇင်ဟာ ရုပ်ရှင်ဇာတ်ကားရိုက်နေရင်း နေမကောင်းဖြစ်ခဲ့ပေမဲ့ အလုပ်တွေမနားပဲ ဆေးသောက်ရင်း ကြိုးစားရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။ သူမရဲ့ ပရိသတ်တွေကိုလည်း ကျန်းမာရေး ဂရုစိုက်ဖို့ ပြောပြထားပါသေးတယ်။
Photo: Amazing Grace
သရုပ်ဆောင် အိန္ဒြာကျော်ဇင်တစ်ယောက် ''ဂျင်ပါတီ'' ရုပ်ရှင်ဇာတ်ကားကြီးကို ကျန်းမာရေးမကောင်းတဲ့ကြားက အကောင်းဆုံးဖြစ်အောင် ကြိုးစားရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။ နှာတွေ အရမ်းစေးပြီး နေမကောင်းဖြစ်ချင်နေပြီလို့ ရင်ဖွင့်ပြောပြထား ပါတယ်။
'' ကားရိုက်နေကတည်းကနှာတွေအရမ်းစေးပြီးနေမကောင်းဖြစ်ချင်နေတာလေ။ ဇာတ်ဝင်ခန်းထဲမှာ dialogues တွေပြောရင်တောင် နှာသံကြီးပေါက်လို့ နားလို့လည်း မရတော့ဆေးတွေသောက်ပြီးရိုက်နေရတာ ခု ကားပြီးသွားပြီဆိုတော့ လွတ်လွတ်လပ်လပ် နေမကောင်းလို့ရသွားတာပေါ့'' ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ၂ နာရီ ၅၈ မိနစ်က တင်ခဲ့တာဖြစ်ပါတယ်။
Photo: အိန္ဒြာကျော်ဇင် ပေ့ချ်
အိန္ဒြာကျော်ဇင်တစ်ယောက် ကိုယ်တိုင် နေမကောင်းဖြစ်နေတာကြောင့် သူမရဲ့ သားသမီးတွေကိုလည်း နေမကောင်းဖြစ်မှာကို စိုးရိမ် ပူပန်နေပါတယ်။ သူ့ကိုချစ်တဲ့ ပရိသတ်တွေကိုလည်း ကျန်းမာရေးကို ဂရုတစိုက်ရှိကြဖို့ အိန္ဒြာကျော်ဇင်က ပြောခဲ့ပါသေးတယ်။
''ကလေးတွေကူးမှာစိုးလို့ နေ့နေ့ညညဒီ maskကိုမချွတ်ရဲဘူး။ ဒီရာသီက နှာစေးချောင်းဆိုး နေမကောင်းတွေ တော်တော် ဖြစ်နေကြတယ်ဆိုတော့ အားလုံးလဲကျန်းမာရေးဂရုစိုက်ကြပါလို့'' ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့တာပါ။ ပရိသတ်တွေကလည်း အမြန်ဆုံးနေပြန်ကောင်းလာဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။
Photo: Amazing Grace
အိန္ဒြာကျော်ဇင်ဟာ သားသမီးတွေကို စောင့်ရှောက်ရင်း သူမဝါသနာပါရာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးလျက်ရှိတဲ့သူမဟာ ဒီရက်ပိုင်းမှာပဲ ''ဂျင်ပါတီ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးပြီးစီးခဲ့တာဖြစ်ပါတယ်။
Photo: အိန္ဒြာကျော်ဇင် ပေ့ချ်
အိန္ဒြာကျော်ဇင်ဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ အလှမယ်တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ သူမဟာ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်သူဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်" ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ ဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။