'သနားသော အားဖြင့်' သီချင်းလေးကို ပုံဖော်နေတာပါတဲ့။

စိုင်းစိုင်းခမ်းလှိုင်က ‘’ သနားသောအားဖြင့်’’ MTV လေးကို ပရိသတ်တွေအတွက် အကောင်းဆုံးဖြစ်စေဖို့ နေ့မနား၊ ညမနား ကြိုးစားရိုက်ကူးနေတယ်လို့ ဆိုပါတယ်။

Photo: စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်အကြိုက် သီချင်းလေးတစ်ပုဒ်ဖြစ်တဲ့ ‘’သနားသောအားဖြင့်’’ သီချင်းကို MTV ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဒီ MTV ကိုတော့ ဒါရိုက်တာ ဏကြီးက ရိုက်ကူးပေးတယ်လို့ ဆိုပါတယ်။

‘’ဒါရိုက်တာဏကြီးနဲ့ ’တစ်ကိုယ်တော်ဗယ်လင်တိုင်း’ ရိုက်တုန်းက ၂ ညဆက်တိုက် မိုးအလင်း။ အခုလည်း ‘သနားသောအားဖြင့်’ ရိုက်တာ။ ဟိုရက်ကလည်း မနက်အထိ ဒီညလည်း အလင်းပဲ။ ရုပ်ရှင်ရိုက်ရင်တော့ ဘယ်လိုနေမယ်မသိ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်

စိုင်းစိုင်းခမ်းလှိုင်က၂၀၁၉ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့ Birthday Show ပွဲကြီးကိုတော့ လုပ်ဖြစ်အောင်လုပ်မယ်လို့ ပရိသတ်တွေကို အသိပေးထားပါသေးတယ်။ ဒီပွဲဟာ သူ့အတွက် အရေးကြီးတဲ့ ပွဲတစ်ပွဲ ဖြစ်လာလိမ့်မယ်လို့လည်း ပြောပြထားပါတယ်။

‘’ဒီနှစ် Birthday Show ကို လုပ်ဖြစ်အောင် လုပ်ပါမယ်။ ဒီနှစ်က ၁၅နှစ်ပြည့်ဖြစ်ပါတယ်။ 15 Years Anniversary လုပ်မှာဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့ကကျွန်တော့်အတွက် အင်မတန်အရေးကြီးတဲ့ မွေးနေ့ဖြစ်ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေအကုန်လုံးကိုလည်း ဖိတ်မယ်။ တစ်စုတစ်စည်းတည်း ရှိနေစေချင်တယ်’’ လို့ ဇန်နဝါရီလ ၃၁ရက်နေ့ ည ၈ နာရီ ၄၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ Live လွှင့်ရင်းပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo: စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်

လက်ရှိမှာ စိုင်းစိုင်းခမ်းလှိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ကြာတော့သည်လည်း မောင့်စကား’’ ရုပ်ရှင်ဇာတ်ကားကြီးက ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ထွန်းထွန်း၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဖွေးဖွေး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

စိုင်းစိုင်းဟာ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်း ဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က