တိရစ္ဆာန်လေးတွေကို ချစ်တတ်သူတစ်ယောက်ပါ။

ဟာသသရုပ်ဆောင် မျိုးမျိုးခိုင်က အနုပညာအလုပ်တွေလည်း လုပ်ဖြစ်နေသလို တစ်ဖက်မှာလည်း သူချစ်ရတဲ့ ခွေးလေးတွေကိုလည်း အမြဲမပြတ် အလှူလေးတွေလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။

Photo: Myo Myo Khaing

ပရိသတ်တွေရဲ့ အချစ်တော် မျိုးမျိုးခိုင်ရဲ့ ခွေးလေးတွေအပေါ် အရမ်းချစ်တတ်၊ ဂရုစိုက်တတ်ပုံတွေကို ပြောပြလာပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း လမ်းဘေးခွေးလေးတွေကို နေ့စဉ်အစာကျွေး ကုသိုလ်ယူဖြစ်တဲ့အကြောင်းကို Duwun Media ကနေပြောပြလာပါတယ်။

‘’ တိရစ္ဆာန်တွေကို သနားတာ၊ ကိုယ်လည်း တိရစ္ဆာန်ဘဝကို ရောက်မယ် မရောက်ဘူးဆိုတာ သေချာမသိဘူး။ အယူလေးမှားလို့ ရောက်သွားခဲ့သည်ရှိသော် ကိုယ့်ကိုလည်း အဲဒီလို ကျွေးမယ့်သူတော့ ရှိမှာပဲ။ ခွေးတောင်မှ တစ်ကောင်နဲ့ တစ်ကောင် ကုသိုလ်ကံခြင်းတူတာမဟုတ်ဘူး။ မကြီးက လမ်းဘေးခွေးလေးတွေကို သနားလို့ အစာတွေသွားသွားကျွေးတယ်။ ကျွေးဖို့နောက်ကျရင်တောင် စောင့်နေကြတာ မလာမချင်း’’ လို့ ဆိုပါတယ်။

Photo: Myo Myo Khaing

အဲဒီနောက် ခွေးလေးတွေကို အစာကျွေးချင်တဲ့ အလှူရှင်ရှိရင်လည်း မျိုးမျိုးခိုင်က ကိုယ်တိုင်ချက်ပြီး ကိုယ်တိုင်အလှူလုပ်ပေးတယ်လို့ သိရပါတယ်။

‘’ အမြဲတမ်းတော့ လှူဖြစ်တယ်။ အစ်မဆီမှာဆိုရင် အလှူရှင်တွေက ခွေးစာလေး လှူပေးပါလို့ပြောရင် သူတို့ လှူခိုင်းတာနဲ့ချက်တယ်။ ပြီးရင် ဒါနလေးတွေရအောင် ဖေ့စ်ဘွတ်ပေါ်ကို တင်ပေးလိုက်တယ်။ ဒီအလှူလေးကြောင့်လည်း အစ်မ ခွေးလေးတွေ တစ်ရက်စာ ပိုစားရတာပေါ့’’ လို့ အိချောပိုရဲ့ မွေးနေ့ အလှူမှာ ပြောပြခဲ့တာပါ။

Photo: Myo Myo Khaing

တိရစ္ဆာန်လေးတွေအပေါ် အရမ်းချစ်တတ်သူဖြစ်တာကြောင့် အလှူရှင်တွေများလေ ပိုသဘောကျလေလို့ ဆိုပါတယ်။ အလှူရှင်တွေ မရှိရင်တောင် မျိုးမျိုးခိုင်က သူချစ်ရတဲ့ ခွေးလေးတွေအတွက် အလုပ်အားတဲ့အချိန်တိုင်း၊ နေ့တိုင်းမှာ ကုသိုလ်ယူပြီးကျွေးဖြစ်တယ်လို့ ဆိုပါတယ်။

‘’ အလှူရှင်တွေကလည်း များပါတယ်။ ကျွေးရမယ့် ရက်ကိုတောင် ရက်ချိန်းပြန်ယူရတယ်။ ကိုယ်က ပင်ပန်းလို့ မလှူနိုင်ဘူးကွယ် ဆိုရင် ကိုယ့်ခွေးလေးတွေ မစားရမှာစိုးတော့ လှူပေးမယ်။ သူတို့ တစ်ရက်လှူတော့လည်း နောက်ရက်ကျ အစ်မက ပိုကျွေးပေးတယ်။ အလှူရှင်မရှိလည်း အစ်မက နေ့တိုင်းကျွေးတယ်။ မနက်မိုးလင်းပြီဆိုတာနဲ့ သူတို့အတွက် ချက်ပြီးသွားပြီ’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Myo Myo Khaing

မျိုးမျိုးခိုင်ကိုတော့ ဟာသသရုပ်ဆောင်တစ်ယောက်အဖြစ် ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာပါ။ ပေးလာတဲ့ ဇာတ်ကောင်ကာရိုက်တာကိုလည်း ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဆယ်စုနှစ်ကျော်အထိ ပိုင်ဆိုင်ထားနိုင်တဲ့ ဟာသသရုပ်ဆောင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ 

Share

Loading Next Article...
က္က