မဆုံးစဖူး အဆုံထူးလေးနော်။

အကယ်ဒမီများရှင် နေတိုးနဲ့ ဆရာဝန်မလေးလည်း ဖြစ်သလို မော်ဒယ် သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ ပိုးမမှီသာတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုလေးက Bench Brand Photo shooting မှာပါ။

အကယ်ဒမီများရှင် နေတိုးနဲ့ ဆရာဝန်မလေး တစ်ယောက်လည်း ဖြစ်သလို မော်ဒယ်သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ ပိုးမမှီသာတို့က ဇန်နဝါရီ(၁၆) ရက်နေ့က ရန်ကုန်မြို့ Haw Suepin (Photography) မှာ Bench Brand အတွက် ရိုက်ကူးမှုလေးတွေ အတူတူပြုလုပ်ခဲ့ကြ တာတွေ့ရပါတယ်။



သူတို့နှစ်ဦးရဲ့ ပထမဆုံးတွေ့ဆုံမှုဖြစ်တဲ့ ဒီရိုက်ကွင်းမှာ ပိုးမမှီသာက အားကျရတဲ့ ဝါရင့်သရုပ်ဆောင် ကိုနေတိုးနဲ့အတူ အလုပ်တွဲလုပ်ခွင့်ရလို့ အရမ်းကို ပျော်နေကြောင်း ပြောပြခဲ့ပါတယ်.

“ကိုနေတိုးဇာတ်ကားတွေကို အမြဲတမ်း ဗီဒီယိုအငှားဆိုင်တွေမှာ သွားငှားပြီး ကြည့်ခဲ့ရတာပေ့ါ။ အမြဲတမ်း အမှတ်ရစေတာ နှင်းဆီအငြိမ့်ပေ့ါ။ အရမ်းကြိုက်တယ်။ ကိုနေတိုးရဲ့ အသံကို အရမ်းသဘောကျတာ ။ ဘယ်သူ့ သီချင်းဖြစ်ဖြစ် အသံတုလုပ်ပြီး ဆိုတတ်တာ။ ကိုနေတိုး သရုပ်ဆောင်တာတွေ အနုပညာအလုပ်တွေကို အမြဲတမ်း စောင့်ကြည့်ပြီး လေးစားခဲ့ရပါတယ်” ဆိုပြီး မော်ဒယ်သရုပ်ဆောင် ပိုးမမှီသာက Duwun Media ကို ဖြေဆိုပေးခဲ့ပါတယ်။

နေတိုးအနေနဲ့ကလည်း ပိုးမမှီသာကို MTV တွေ၊ ကြော်ငြာတွေမှာ တွေ့ဖူးမြင်ဖူးနေပေမယ့် အခုမှ အနုပညာအလုပ် အတူတူလုပ်ခွင့်ရတာဖြစ်တယ်လိုု့ ပြောပါတယ်။ ဝါရင့်သရုပ်ဆောင် နေတိုးက တက်သစ်စလေး ပိုးမမှီသာအတွက် ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းခရီးမှာ ထားရှိရမယ့် စိတ်နေစိတ်ထားလေးကိုလည်း မျှဝေပေးခဲ့တာ တွေ့ရပါတယ်။

“ဂျူနီယာလေးတွေကို ပြောချင်တာက သည်းခံခြင်းက အောင်နိုင်ခြင်းပေါ့။ သည်းခံနိုင်ရမယ်။ အခုခေတ်က ပိုပြီး သည်းခံနိုင်မှရတယ်။ အတိုက်အခိုုက်တွေကိုလည်း ဘယ်လိုအခက်အခဲအနှောက်အယှက်ပဲ လာလာ ကိုယ့်စိတ်ထဲမှာ အကြာကြီး မထားတတ်ဖို့ အရေးကြီးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဘဝကိုကြိုးကြိုးစားစားနဲ့ ဖြတ်သန်းတဲ့ အချိန်မှာ သည်းခံစိတ်မွေးပြီး သွားမယ်ဆိုရင် အောင်မြင်တဲ့ တစ်နေ့ကို ရောက်မယ်လို့ ပြောချင်ပါတယ်” လို့ သူက Duwun Media နဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်.

ပိုးမမှီသာဟာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ "သင်္ဂါရသီချင်းတစ်ပုဒ်" MTV ကနေ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ယခုအခါမှာဆိုရင် သူမဟာ ကြော်ငြာရိုက်ကူးမှုတွေ တော်တော်များများ ပြုလုပ်နေရပြီ ဖြစ်ပါတယ်။

နေတိုးက အကယ်ဒမီဆုတွေ များစွာ ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပြီး ဂုဏ်သတင်းကောင်းများနဲ့ ရပ်တည်နေတဲ့ ထိပ်တန်းမြန်မာမင်းသားတစ်လက် ဖြစ်ပါတယ်။ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားတွေမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားတဲ့ နေတိုးကို ၂၀၁၉ မတ်လမှာ ကျင်းပမယ့် အကယ်ဒမီပေးပွဲမှာလည်း အကယ်ဒမီဆု သိမ်းပိုက်နိုင်ဦးမယ့်သူအဖြစ် ပရိသတ်တွေက ခန့်မှန်းထားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က