နေတိုးနဲ့ အတူတူ ရုပ်ရှင်ကားကြီးရိုက်ကူးနေတာဖြစ်ပါတယ်။

နွယ်ဒါလီထွန်းကတော့ နေတိုးရဲ့ ချစ်သူကောင်မလေးအဖြစ် စစ်ကား ရုပ်ရှင်ဇာတ်ကားထဲမှာ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ နေတိုးကို သူမကိုယ်တိုင်ကလည်း ပရိသတ်တစ်ယောက်အနေနဲ့ အရမ်းလေးစားခဲ့သူပါတဲ့။

နွယ်ဒါလီထွန်းကတော့ နေတိုးနဲ့ အတူရုပ်ရှင်ကားကြီးရိုက်ကူးရမှာဖြစ်လို့ အရမ်းဝမ်းသာနေတယ်လို့ဆိုပါတယ်။ နေတိုးဆီကနေ သူမကိုယ်တိုင် လေ့လာသင်ယူရမှာတွေ အများကြီးရှိတယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။



‘’ကိုုနေတိုး ပရိသတ်လို့လည်း ပြောလို့ရပါတယ်။ သူ့ရဲ့ အင်တာဗျူးတွေလည်း ကြည့်ဖူးတယ်။ ညီမက ကိုနေတိုးရဲ့ လူမှုဆက်ဆံရေး ပုံစံကိုလည်း အရမ်းသဘောကျတဲ့သူပါ။ ကိုယ်က ပရိသတ်တစ်ယောက်အနေနဲ့ လေ့လာတဲ့အခါမှာလည်း အရမ်း တည်ငြိမ်တယ်ပေါ့နော်။ သူ့ဆီကနေ ကိုယ်ကိုယ်တိုင် လေ့လာသင်ယူရမယ့် အရာတွေ အများကြီးရှိပါတယ်။ သူနဲ့ ဆုံတွေ့ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်’’ လို့ ဆိုပါတယ်။

အလုပ်နဲ့ ပတ်သက်လာရင် အရမ်းကို ကြိုးစားလွန်းတဲ့ နေတိုးကိုတော့ နွယ်ဒါလီထွန်းက လေးစားလို့ မဆုံးအောင်ပါပဲ။ ဇာတ်ကားအတူတူ ရိုက်ခွင့်ရတာကလည်း အရမ်းကံကောင်းတယ်လို့ ဆိုပါတယ်။

‘’ အများကြီး အမှတ်တရတွေ ကျန်မယ်လို့ မြင်ပါတယ်။ သူ့ကို အနုပညာထဲမှာသာမက အပြင်လောကမှာလည်း တကယ်ကို စံထားရတဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။ အလုပ်အပေါ်မှာလည်း အရမ်းတိကျတယ်။ အဲဒီလိုလူနဲ့ ဇာတ်ကားအတူတူရိုက်ခွင့်ရမှာဖြစ်တဲ့အတွက် ဒါလီ့အတွက်ကတော့ အများကြီးကောင်းတယ်လို့ မြင်ပါတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပြန်ပါသေးတယ်။

နွယ်ဒါလီထွန်းက နေတိုးနဲ့ အတူတူ ‘’စစ်ကား’’ ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်ထားပုံတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

‘’ ကိုနေတိုးရဲ့ ချစ်သူကောင်မလေးနေရာက သရုပ်ဆောင်သွားမှာပါ။ ဇာတ်ကတော့ မင်းသားတွေရဲ့ အဓိက ဇာတ်မျိုးပါပဲ။ ဒီဇာတ်ကားက ကိုလိုနီခေတ်တုန်းက ဘက်ကို သွားတာပေါ့။ ဒါတောင်မှ မြို့ပေါ်မဟုတ်ဘူး ကိုလိုနီခေတ်တုန်းက ရွာလေးတစ်ရွာပေါ့။ ပြောရရင် ကိုယ့်မိဘတွေတောင် မမှီတဲ့ခေတ်ဆိုတော့ လေ့လာဖို့က တော်တော်ခက်ပါတယ်’’ လို့ သူကဆိုပါတယ်။

နွယ်ဒါလီထွန်းကိုတော့ ပရိသတ်တွေက မော်ဒယ်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ချစ်စရာကောင်းလှတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်များစွာတို့ရဲ့ အချစ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ တီဗီကြော်ငြာပေါင်းများစွာကိုလည်း သူမက ရိုက်ကူးခဲ့ဖူးသူပါ။ အခုဆိုရင်တော့ သရုပ်ဆောင်အပိုင်းနဲ့ ပတ်သက်ပြီး ဇာတ်လမ်းတွဲ၊ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေပြီလို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က