ကြောက်နေတာလည်း ပါတယ်။

နေခြည်ဦးက နေတိုးနဲ့ ရုပ်ရှင်ကားကြီးရိုက်ကူးရတော့မှာဖြစ်လို့ စိတ်လှုပ်ရှားလို့နေပါတယ်။ အမှားအယွင်း မဖြစ်အောင်လည်း ကြိုးစားပြင်ဆင်နေပါတယ်တဲ့။




နေခြည်ဦးကတော့ နေတိုးနဲ့ အတူ ‘’အခမ်းနားဆုံး မေတ္တာ’’ ဆိုတဲ့ရုပ်ရှင်ကားကြီးရိုက်ကူးရမှာဖြစ်လို့ စိတ်လှုပ်ရှားနေတာကို တွေ့ရပါတယ်။ အခုချိန်ထိတော့ နေတိုးကို စကားမပြောရဲသေးဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။






‘’ ကိုနေတိုးနဲ့ တွေ့ဆုံမှုက အခုချိန်မှာ အရမ်း ရှိန်တဲ့အဆင့်ပဲရှိပါသေးတယ်။ ကိုနေတိုးကို ကြောက်ပါတယ်ဆိုမှ ကိုနေတိုးက ကိုယ့်ကို အရမ်းချစ်ပြရမှာဆိုတော့ ပိုဆိုးတာပေါ့နော်။ ကာရိုက်တာတွေများ လွတ်ကုန်မလား ဆိုပြီးတော့ ရင်တွေတုန်တာပေါ့နော်။ အပြင်မှာဆုံတာ ၃ ခေါက်၊ ၄ခေါက်လောက်ရှိပြီ စကားမပြောရဲဘူး။ စကားမှားမှာ စိုးလို့ပါ’’ လို့ သူကဆိုပါတယ်။

နေခြည်ဦး ဟာ အနုပညာလောကမှာ ထိပ်တန်းမင်းသားတစ်ဦးဖြစ်တဲ့ နေတိုးနဲ့ ပထမဆုံးအကြိမ် ရုပ်ရှင်ရိုက်ကူးရမှာဖြစ်လို့ စိုးရိမ်စိတ်ပိုများနေတယ်လို့ ဆိုပါတယ်။




ကိုနေတိုးက အနုပညာလောကထဲမှာ Role တစ်ခုအနေနဲ့ နေတယ်။ သူ့အကြောင်းမေးရင် အမြဲတမ်း ယုံကြည်ချက်အပြည့်နဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့အတွက် ငါများ မှားသွားခဲ့ရင် ဆိုတဲ့ စိတ်ကြီးကတော့ အမြဲဝင်နေပါတယ်။ စမရိုက်သေးတာလည်း ပါမှာပေါ့နော်။ စရိုက်ရင်တော့ ကိုယ်လည်း Mood ဝင်သွားမယ်။ သူလည်း အများကြီး သင်ပေးမယ်လို့ ရည်မှန်းထားပါတယ်’’ ဆိုပြီးတော့ ‘’အခမ်းနားဆုံး မေတ္တာ’’ ရုပ်ရှင်ကားကြီး အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။


လက်ရှိမှာလည်း ဇာတ်ညွှန်းတွေ အတူတူ ဖတ်နေရတယ်လို့လည်း နေခြည်ဦးက ပြောပါတယ်။ အမှားအယွင်းမရှိအောင် အများကြီး ကြိုးစားမယ်လို့ သူကဆိုပါတယ်။




‘’ အဲဒါကြောင့်လည်း ကြောက်နေတာ။ ကိုနေတိုးကလည်း စကားမပြောဘူး၊ ကိုယ်က တစ်လုံးလောက်ပြောရင် သူက တစ်ဝက်လောက်ပဲ ပြန်ပြောတာဆိုတော့။ ကိုနေတိုးနဲ့ နေခြည်က တစ်ခါမှ မဆုံဖူးတော့ မသိဘူး။ နေခြည်ကြား တာက ကိုနေတိုးဟာ ရိုက်ကွင်းပေါ်ရောက်ပြီဆိုတာနဲ့ Mood အပြည့် ရောက်သွားတယ်လို့ကြားတယ်။ ကိုယ်ကတော့ အများကြီးကြိုးစားရမှာပေါ့နော်။ သူက Mood တွေဝင်ပြီး ကိုယ်က နေခြည်ဦးဖြစ်နေလို့လည်း မရဘူးလေ’’ လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။




အခမ်းနားဆုံး မေတ္တာရုပ်ရှင်ဇာတ်ကားကြီးကို 7 Sense Production က ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ပွင့်သိဂီၤဇော်က ရိုက်ကူးမှာဖြစ်ပြီး နေတိုး၊ ရဲအောင်၊ တိုင်ရွန်၊ သူရိယ၊ စိုးမြတ်သူဇာ၊ နေခြည်ဦး၊ ခင်သဇင် တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ‘’အခမ်းနားဆုံး မေတ္တာ’’ ရုပ်ရှင်ဇာတ်ကားကို မေလ ၁၅ ရက်နေ့ နောက်ပိုင်းမှာ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က