ရိုက်ကွင်းပေါ်မှာ သေသေချာချာသင်ပေးခဲ့ကြတာပါ။

မကြာခင်ရုံတင်ပြသတော့မယ့် ‘’ရူးအောင်ချစ်မယ့်လူ’’ရုပ်ရှင်ကားကြီးအတွက် မေတိုးခိုင်ကတော့ စိတ်လှုပ်ရှားလို့နေပါတယ်။ သရုပ်ဆောင် နေတိုးနဲ့ အိန္ဒြာကျော်ဇင်တို့ကလည်း သေသေချာချာ သင်ပေးကြတယ်လို့ဆိုပါတယ်။

Photo: ရူးအောင်ချစ်မယ့်လူ



သရုပ်ဆောင် မေတိုးခိုင်ကတော့ ‘’ရူးအောင်ချစ်မယ့်လူ’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှ နေတိုးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ လက်တွဲခေါ်ယူ သင်ကြားပေးတဲ့အကြောင်းတွေကို Duwun Media ကနေ ပြောပြလာပါတယ်။

‘’ ကိုနေတိုးကလည်း အများကြီးသင်ပေးပါတယ်။ အသစ်တစ်ယောက်ကိုလက်တွဲခေါ်ပေးတယ်။ တီဝဲရော၊ ကိုနေတိုးရော နှစ်ယောက်စလုံးကြောင့် ဖူး အကောင်းဆုံးလုပ်နိုင်ခဲ့တယ်။ နှစ်ယောက်စလုံးရဲ့ လက်တွဲခေါ်ယူမှုက ဖူးအတွက် အရေးကြီးပါတယ်။ အခုချိန်မှာ Romance ကားလေးတွေ သိပ်မတင်ဖြစ်တော့ ဒီဇာတ်ကားလေးက ပရိသတ်ရင်ထဲကို ရောက်မယ်လို့ ဖူးထင်ပါတယ်’’ လို့ဆိုပါတယ်။

Photo: ရူးအောင်ချစ်မယ့်လူ

ဒီဇာတ်ကားထဲမှာတော့ သူမအတွက် အခက်အခဲတွေ အများကြီးကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ချွဲချွဲနွဲ့နွဲ့ သရုပ်ဆောင်တတ်သူ မဟုတ်တာကြောင့် အခက်အခဲတွေရှိခဲ့တယ်လို့ မေတိုးခိုင်က ပြောပါတယ်။

‘’ ဒီဇာတ်ကားထဲမှာ ဖူးက ချွဲချွဲနွဲ့နွဲ့ စကားပြောပြီးတော့ ဂျစ်ကန်ကန်ကောင်မလေးတစ်ယောက်နေရာက သရုပ်ဆောင်ထားတာဆိုတော့ အခက်အခဲကတော့ အဲဒါပေါ့နော်။ အပြင်မှာလည်း အဲဒီလို ချွဲနွဲ့ပြီးတော့ မပြောတတ်ဘူး။ ဖူးအတွက်က နောက်ပိုင်းဇာတ်ဝင်ခန်းတွေထက် အရှေ့ပိုင်းအခန်းတွေက အရမ်းကြီး ခက်ခဲခဲ့တယ်’’ သြဂုတ်လ ၂၇ ရက်နေ့က ချာလီရဲ့ အင်္ကျၤီဒီဇိုင်းအသစ် မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: ရူးအောင်ချစ်မယ့်လူ

မေတိုးခိုင်ရဲ့ သရုပ်ဆောင်မှုတွေ အပေါ်မှာလည်း စီနီယာ သရုပ်ဆောင်တွေ အနေနဲ့ နားလည်မှုတွေ အပြည့်အဝ ပေးခဲ့ကြတယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

‘’ ညှိပြီးသရုပ်ဆောင်ခဲ့ရတာမျိုးတော့ မရှိဘူး။ အတင်းကြီးလုပ်ယူတာမျိုးတွေလည်း မရှိဘူးပေါ့နော်။ တစ်ခါတလေမှာ ဖူးကြောင့် တချို့ရက်တွေ နှောင့်နှေးခဲ့ရတာတွေလည်းရှိတယ်။ ကိုယ်ကိုယ်တိုင်ကလည်း အများကြီး မသိသေးသလို ဒိုင်ယာလော့ဂျ်တွေလည်း မှားတာတွေရှိတယ်။ ဒါပေမယ့် အရမ်းစိတ်ရှည်ပေးပြီးတော့ လက်တွဲခေါ်ပေးခဲ့ကြပါတယ်’’လို့ သူကဆိုပါတယ်။

Photo: ရူးအောင်ချစ်မယ့်လူ

ရူးအောင်ချစ်မယ့်လူ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ စက်တင်ဘာလ ၁၂ ရက်နေ့က စပြီး ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး၊ အိန္ဒြာကျော်ဇင် နဲ့ မေတိုးခိုင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ မေတိုးခိုင်အတွက်တော့ ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီး တစ်ကားဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က