စိတ်ရှည် သည်းခံတဲ့ မင်းသားတစ်ယောက်ပါ။

ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုးနဲ့ မီဒီယာတွေကြားက ဆက်ဆံရေး ခိုင်မြဲနေတဲ့ အကြောင်းကို နေတိုးက အခုလိုပြောပြရပါတယ်။ မီဒီယာတွေကို ဖြေဆိုနေတာကလည်း ပရိသတ်တွေကို ပြောနေရသလိုပါပဲတဲ့။

အောင်မြင်မှုတွေရရှိနေတဲ့ သရုပ်ဆောင်တွေထဲကမှ အကယ်ဒမီနေတိုးဟာ မီဒီယာတွေနဲ့လည်း ထိတွေ့မှုများတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ မီဒီယာတိုင်းနဲ့ အဆင်ပြေပြေရှိလှတဲ့ သူ့ရဲ့ သဘောထားကိုလည်း မီဒီယာအင်တာဗျူးတွေမှာ အခုလို ဖြေဆိုခဲ့ပါတယ်။



‘’လူတွေက တစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူးပေါ့နော်။ မီဒီယာကို ဖြေတယ်ဆိုတာ ပရိသတ်ကို ပြောနေတာနဲ့ အတူတူပဲ။ ကျွန်တော်ကတော့ ကိုယ်ဖြေဖို့လိုအပ်တဲ့အချိန်၊ အခုလို ထိတွေ့ဖို့ လိုအပ်တဲ့အချိန်မှာ ပြောတယ်ဆိုတာက ကမ္ဘာကိုပြောနေတာ မဟုတ်ဘူးလေ။ ပရိသတ်ကိုပြောနေတာဖြစ်တဲ့အတွက် ပရိသတ်ကို လေးစားတဲ့အတွက်ကြောင့်ပါ’’လို့ ပထမဆုံး တစ်ကိုယ်တော်တေးစီးရီး မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Cele Yatkwat

အဲဒီနောက် နေတိုးဟာ ရုပ်သံမီဒီယာ၊ အွန်လိုင်းမီဒီယာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ သတင်းစာ စတဲ့ မီဒီယာတိုင်းရဲ့ မေးခွန်းတွေ အပေါ်မှာလည်း စိတ်ရှည်ရှည်နဲ့ ဖြေပေးလေ့ရှိတဲ့ အကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။

‘’ကိုယ့်ကို အားပေးတဲ့ ပရိသတ်၊ ကိုယ့်ကိုကြည့်နေတဲ့ ပရိသတ်တွေကို ပြောရတာဖြစ်တဲ့အတွက် စိတ်မရှည်စရာအကြောင်းမရှိဘူးလို့တော့ ထင်ပါတယ်’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Win Ni Aung

နေတိုးဟာ လက်ရှှိမှာတော့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ ထွန်းထွန်းတို့နဲ့ အတူ Box No.88 ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာဖြစ်ပါတယ်။ မတ်လ ၁၅ ရက်နေ့မှာတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ ‘’တာတူး’’ ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသတော့မှာပါ။ အဲဒီနောက်မှာတော့ နေခြည်ဦးနဲ့အတူ ‘’အခမ်းနားဆုံး မေတ္တာ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဆက်လက် ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

Photo: La Min Naing

နေတိုး(Nay Toe)က အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားပြီး ဂုဏ်သတင်းကောင်းများနဲ့ ရပ်တည်နေတဲ့ ထိပ်တန်း မင်းသားတစ်လက် ဖြစ်ပါတယ်။ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ နေတိုးကို ၂၀၁၉ မတ်လမှာ ကျင်းပမယ့် အကယ်ဒမီပေးပွဲမှာလည်း အကယ်ဒမီဆု သိမ်းပိုက်နိုင်ဦးမယ့်သူအဖြစ် ပရိသတ်တွေက ခန့်မှန်းထားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က