ဒါကတော့ သူတို့နှစ်ယောက်အတွက် ၆ ကားမြောက်တွေ့ဆုံခြင်းဖြစ်ပါတယ်။

ရိုက်ကူးရေးတွေ ခဏတာ နားထားတဲ့ မိုးဟေကို ကတော့ အခုဆိုရင် သရုပ်ဆောင်နေတိုးနဲ့အတူ ‘’ကျွန်တော့်ရဲ့ သူ’’ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Photo: Facebook



ပရိသတ်အချစ်တော် မင်းသားနေတိုးနဲ့ မင်းသမီး မိုးဟေကို တို့ရဲ့ အတူတွဲ သရုပ်ဆောင်မှုတွေကို ‘’ကျွန်တော့်ရဲ့ သူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပြန်လည်တွေ့ရတော့မှာဖြစ်ပါတယ်။ ဒီအကြောင်းကိုလည်း ထုတ်လုပ်သူ ကိုဝေမင်းမောင်က အခုလို ပြောပြထားပါတယ်။

‘’ကျွန်တော်ရဲ့ သူ’’ Produced by 7th Sense Film Production’’ ဆိုပြီးတော့ ဇွန်လ ၁၇ ရက်နေ့ည ၉ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် နေတိုးနဲ့ မိုးဟေကို တို့ရဲ့ ဓာတ်ပုံကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။ ဒီဇာတ်ကားကိုတော့ ဇူလိုင်လ အတွင်းမှာ စတင်ရိုက်ကူးသွားမယ်လို့လည်း ကိုဝေမင်းမောင်က ဆက်လက်ပြောပြခဲ့ပါတယ်။ ‘’ (၇)လပိုင်းမှာ ရိုက်ကူးတော့မည့် ကျွန်တော်ရဲ့သူ ရုပ်ရှင်ဇာတ်ကားကြီး Production Team Line-up ( Teamwork ရှိတဲ့ အဖွဲ့အတွက် ကျေနပ်အားရမိ’’ လို့ ရေးသားခဲ့ပြန်ပါသေးတယ်။

Photo: Facebook

နေတိုး(Nay Toe)က အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားပြီး ဂုဏ်သတင်းကောင်းများနဲ့ ရပ်တည်နေတဲ့ ထိပ်တန်း မင်းသားတစ်လက် ဖြစ်ပါတယ်။ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာ ရုပ်ရှင်ပွဲတော် က ချီးမြငိ့တဲ့ The Best Actor ဆုကို မဟူရာ ရုပ်ရှင်ရုံ ရုပ်ရှင်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

Photo: Wai Min Maung

မိုးဟေကိုဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေကြောင့် အနုပညာအလုပ်တွေ ခဏရပ်နားထားတာဖြစ်ပါတယ်။


Photo: Wai Min Maung

နေတိုးနဲ့ မိုးဟေကို တို့ တွဲဖက်သရုပ်ဆောင်ခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ‘’မိုးညအိပ်မက်မြူ’’ ၊ ‘’ဂွတ်ရှယ်သမက်’’ ၊ ‘’ချောကလက်ဘေဘီ’’၊ ‘’ရက်စ်ဘော့စ်”၊ ‘’ချစ်စံအိမ်’’၊ ‘’ အမုန်းတွေ ခေါက်ထားလိုက်’’ စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အတူတွဲ သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် ဗီဒီယိုဇာတ်ကား ၂၅ ကား မှာလည်း အတူတွဲ သရုပ်ဆောင်ထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က