နေတိုးနဲ့ We Love Nay Toe Facebook Group 7 Years Anniversary ပွဲလေးကို ဂီလာနဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ ပြုလုပ်ခဲ့ပါတယ်။
Photo: We love Nay Toe Group
သရုပ်ဆောင် အကယ်ဒမီ နေတိုး နဲ့ We Love Nay Toe Group အဖွဲ့ သားတွေရဲ့ ၇ နှစ်ပြည့် ဖြတ်သန်းမှု အမှတ်တရအဖြစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ က အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ နေတိုးရဲ့ အနုပညာသက်တမ်းဟာ အနှစ် ၂၀ ကျော်လာပြီဖြစ်ပါတယ်။
နေတိုး နဲ့ We Love တို့ရဲ့ စုပေါင်းအလှူကို မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ဂီလာနဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ ထာဝရဆေး ပဒေသာပင်နဲ့ အဘိုးအဘွားတွေ အတွက် လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို လှူဒါန်းခဲ့ကြတယ်လို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နေ့လည်ပိုင်းက We Love Nay Toe Facebook Group မှာ ရေးသားထားတာ တွေ့ရပါတယ်။
Photo: We love Nay Toe Group
၂၀၀၁ ခုနှစ်မှစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ နေတိုးဟာ ၁၉၈၁ ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က မွေးဖွားခဲ့သူဖြစ်ပြီး ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK Modeling Agency မှာ သင်တန်းတက်ရောက်ခဲ့ကာ အဆိုပိုင်းနဲ့ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့ပါတယ်။
Photo: We love Nay Toe Group
ကျရာဇာတ်ရုပ်တိုုင်းကိုပီပြင်စွာ သရုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်လာတဲ့ နေတိုးက မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) ရုပ်ရှင်ကား ၃ ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိခဲ့ပါတယ်။ နေတိုးဟာ အနုပညာအရည်အသွေး ပြည့်ဝတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်အဖြစ် သရုပ်ဆောင်လောကမှာ အောင်မြင်စွာ ရပ်တည်နေသူ ဖြစ်ပါတယ်။