ဘယ်လိုဟာသလေးတွေဖြစ်မလဲ။

နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ချစ်စရာကောင်းတဲ့ ဟာသလေးတွေကြည့်ချင်ကြတဲ့ ပရိသတ်တွေအတွက် မကြာခင်မှာ ‘’နှစ်ပါးသွား Update’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်တော့မှာဖြစ်ပါတယ်။

Photo: နှစ်ပါးသွား



‘’နှစ်ပါးသွား Update’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား အထူးပြပွဲကို ဇူလိုင်လ ၇ ရက်နေ့ ညနေပိုင်းက Gold Class Cinema မှာ ပြသခဲ့ပါတယ်။ ဒီဇာတ်ကားလေးဟာ လူငယ်ဆန်ဆန် ဟာသဇာတ်ကားလေး ဖြစ်ပြီး နေတိုးအတွက် ရှားပါးတဲ့ ဇာတ်ကားလေးတစ်ခုဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ဒီဇာတ်ကားထဲမှာကတော့ နှစ်ပါးသွား Update ပေါ့နော်။ ရိုက်ထားတာကတော့ ၂ နှစ်လောက်ရှိပါပြီ။ ဒါပေမယ့် တစ်ကယ်ကို စိတ်လှုပ်ရှားစရာကောင်းတယ်၊ ပျော်ရွှင်စရာကောင်းတယ်။ ရယ်လည်းရယ်ရတယ်။ ဒီလိုမျိူး လူငယ်ဆန်ဆန် ဟာသကားလေးကလည်း ကျွန်တော်ရိုက်ကူးထားတဲ့အထဲမှာ မရှိသလောက် ဖြစ်နေတယ်ဆိုတော့လည်း ရှားရှားပါးပါး ဇာတ်ကားလေးလည်းဖြစ်နေတော့ ကျွန်တော် ကျေနပ်မိပါတယ်’’ လို့ သူကဆိုပါတယ်။

ဒီဇာတ်ကားကို ကိုယ်တိုင်ပုံဖော်ရိုက်ကူးထားတဲ့ ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) ကလည်း ဇာတ်ကားလေးရဲ့ ထူးခြားမှုတွေကို ပြောပြလာပါတယ်။

‘’ဒီဇာတ်ကားက မင်းသား၊ မင်းသမီး နှစ်ပါးသွားမျိုးမဟုတ်ပဲနဲ့ ကျွန်တော်တို့ မတူညီတဲ့ပုံစံ နှစ်ပါးသွားမျိုးဖြစ်အောင် စဉ်းစားပြီးတော့ ဒီဇာတ်ကားလေးကို ဖန်တီးလိုက်တာပါ။ ကိုနေတိုး Toilet ထဲမှာ ဗျောက်အိုး အဖောက်ခံရတဲ့ အခန်းကတော့ ကိုနေတိုးအတွက် အမှတ်တရပါ။ ဝတ်မှုံရွှေရည်ကျတော့ ဆံပင်မှုတ်စက်ထဲကို ပေါင်ဒါမှုန့်တွေ ထည့်ထားတာကို မသိပဲနဲ့ စော်ထည့်လိုက်တဲ့အခါကျတော့ သူကျလည်း ဖြူခါကျပြီ ဖြူဖြူဂါဂါ ဖြစ်သွားတာပေါ့’’ လို့ သဘောကျရယ်မောရင်း ပြောပြခဲ့ပြန်ပါတယ်။

အဲဒီနောက် ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ ရဲလေးမကလည်း ဇာတ်ကားရိုက်ကူးနေစဉ် အမှတ်တရ တွေကို ပြောပြလာခဲ့ပါသေးတယ်။

‘’ကစ်ကစ်ဆိုရင် အဲဒီနေ့က အိမ်ပေါ်က ပြုတ်ကျတာလား မသိဘူး၊ ဒူးတွေပွန်းတာ သနားပါတယ် သူ။ သူ့အသားလေးက ဖြူဖြူလေးနဲ့လေ ဒူးခေါင်းတွေ၊ လက်တွေ ပွန်းတာ သနားပါတယ်။ ကစ်ကစ်တို့ တော်တော်ပင်ပန်းတယ်။ ကိုနေတိုးလည်း ထိတာပဲ’’ လို့ ဆိုပါတယ်။ 

နှစ်ပါးသွား Update ရုပ်ရှင်ဇာတ်ကားကြီးကို အောင်တိုင်းကျော်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)က ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဟာသ အနုပညာရှင်များစွာတို့လည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ နှစ်ပါးသွား update ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ ၁၈ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က