မြသင်းခြယ် က မင်္ဂလာသက်တမ်း ၈ နှစ်ပြည့်အတွက် ခင်ပွန်းဖြစ်သူ နေထူးနိုင်ကို သူ့ရင်ထဲက ခံစားချက်တွေ ဖွင့်ဟ ပြောပြလာပါတယ်. လက်ရှိမှာလည်း ချစ်စရာကောင်းတဲ့ သားလေး နှစ်ယောက်နဲ့အတူ သာယာတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်နေပါပြီ.
Photo: chal Lay
သရုပ်ဆောင် နေထူးနိုင်နဲ့ သရုပ်ဆောင် မြသင်းခြယ် တို့ရဲ့ ကြည်နူးစရာကောင်းတဲ့ မင်္ဂလာသက်တမ်းကတော့ ဒီဇင်ဘာလ ၁၇ ရက်နေ့က ၈ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်. အိမ်ထောင် သက်တမ်း ၈နှစ်မှာဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ချစ်ခြင်းတရားတွေကို မြသင်းခြယ်က အခုလို ပြောပြလာပါတယ်.
''မနေ့ကဖြစ်သည် (၈)နှစ်တဲ့လားယောကျ်ားရေ မိန်းမအတွက်တော့မနေ့ကမှအချစ်တွေစသလိုမရိုးနိုင်အောင် ရင်ခုန်နွေးထွေးနေဆဲပါလို့ သားတွေနဲ့မိန်းမရဲ့အလိုမှန်သမျှကိုတချက်မှပင်ပန်းတယ်လို့ပြောမထွက်ပဲ အမြန်မဟုတ်ရင်တောင်အချိန်တန်ဖြစ်အောင်ဖြည့်စည်းပေးတဲ့ ယောကျ်ားကိုကြိတ်ပြီးကျေးဇူးတွေတင်နေခဲ့တာအကြိမ်ကြိမ်ပါ နေပေးပါနော်မိန်းမတို့သားအမိတွေအတွက် မရှိမဖြစ်လိုအပ်လို့ပါ'' လို့ ဆိုပါတယ်.
Photo: chal Lay
နေထူးနိုင်တို့ ဇနီးမောင်နှံဟာ အနုပညာသမားတွေလည်းဖြစ်ကြသလို တစ်ယောက်နဲ့ တစ်ယောက်ကလည်း အရမ်းချစ်တဲ့ အကြောင်းတွေ ဆက်လက်ပြောပြထားပါသေးတယ်. လက်ရှိမှာလည်း ချစ်စရာကောင်းတဲ့ သားလေး နှစ်ယောက်ကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်.
''တစ်ခုလောက်ထက်တောင်းဆိုပါရစေ. အိပ်ခါနီးတိုင်း အရမ်းချစ်နော်မိန်းမလို့ပြောတဲ့စကားလေးကိုတော့ မိန်းမကိုစိတ်တိုနေတဲ့အချိန်ဆိုရင်တောင် တိုနေတဲ့စိတ်လေးခဏလောက် ဘေးချိတ်ပြီးပြောပေးပါနော် အဲ့ဒီအသံမကြားရင်မိန်းမအိပ်မပျော်လို့ပါ.နောက်နှစ်ပေါင်း(၈၀)ထိချစ်မယ်နော် ယောကျ်ား စိတ်ပုတ်ကျင့်ပုတ်ကြီး အာဘွား'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၈ ရက်နေ့ နေ့လည် ၁၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်.
Photo: chal Lay
မြသင်းခြယ်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်နေပေမယ့် မိသားစုကို ပိုပြီးအချိန်ပေးဖြစ်နေတာ တွေ့ရပါတယ်။ မကြာသေးခင် ကလည်း သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ '' တစ်နေ့မှ မေ့မရပါ'' ဆိုတဲ့ တေးစီးရီးကို ထွက်ရှိထားတာဖြစ်ပါတယ်။ သူမဟာ မျက်နှာဝိုင်း ဝိုင်း ဆံပင်ရှည်ရှည်နဲ့ ပရိသတ်အချစ်တွေ ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
Photo: chal Lay
မြသင်းခြယ်ဟာ တစ်ချိန်က မိန်းကလေးတွေရဲ့ အသဲစွဲ အက်ရှင်မင်းသားချော ဂျွန်ဂိုရဲ့ အစ်မအရင်းဖြစ်ပါတယ်. ဂျွန်ဂို ကွယ်လွန်သွားတာကွယ်လွန်ခဲ့တာ ၄ နှစ်ပြည့်ဖြစ်တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း ချစ်ရတဲ့မောင်လေးအတွက် မြသင်းခြယ်က အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်.