ကျောက်ငရုတ်ကျည်ပွေ့နဲ့ ထုပြီးသတ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တာပါ။

ငွေနှစ်သောင်းချေးဖို့အတွက် ပြောရာကနေ မချေးဘူးလို့ ငြင်းပယ်တာကြောင့် လူသတ်မှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှ တရားခံကို ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၃ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဓါတ်ပုံ- yangon police

ဇန်နဝါရီ ၁၉ ရက်နေ့မှာ ရန်ကုန်တိုင်း၊ အင်းစိန် ကမ်းနားအလယ်ရပ်ကွက်၊ အောင်ဇေယျအိမ်ယာမှာ လုံခြုံရေးဝန်ထမ်းလုပ်ကိုင်နေတဲ့ ဦးလှမောင်ဖေ (အသက် ၆၂) နှစ်ဆီကို အတူတူ လုံခြုံရေးလုပ်ကိုင်ခဲ့ဖူးတဲ့ ကျော်ကျော်ဆိုသူက ငွေ(၂)သောင်းချေးဖို့ ပြောခဲ့ပြီးတော့ မချေးပေးနိုင်ဘူးလို့ ပြောတာကြောင့် ကျောက်ငရုတ်ကျည်ပွေ့နဲ့ ထုပြီးသတ်ခဲ့တာပါ။

လုံခြုံရေးဝန်ထမ်းဖြစ်သူ ကျော်ကျော်ဆိုသူက သေဆုံးသူနဲ့ ထမင်းအတူစားပြီး ငွေချေးရာမှာ မချေးနိုင်ကြောင်း ငြင်းခဲ့ပါတယ်။ ထို့နောက် သစ်ပင်အတူခုတ်ပေးခဲ့ပြီး ငွေချေးရန် ထပ်မံပြောခဲ့ရာကနေ မပေးတာကြောင့် အနီးမှာရှိတဲ့ ကျောက်ငရုတ်ကျည်ပွေ့နဲ့ ဦးခေါင်းကို (၃)ချက်ထုပြီး နဖူးကို ဓါးမနဲ့ခုတ်ခဲ့ပါတယ်။ သေဆုံးသူကို အခန်းတွင်းသို့ဆွဲသွင်းပြီး သေသူဝတ်ဆင်ထားတဲ့ ရွှေဆွဲကြိုး (၁)ကုံး၊ လက်စွပ်(၁)ကွင်း၊ ငွေကျပ် (၁၂၀၀၀)နဲ့ ဖုန်း (၁) လုံးကို ယူဆောင်ကာ အဝတ်အစားတွေလဲပြီး ထွက်လာခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် ဇော်မိုးကျော်(ခ) ကျော်ကျော်ကို သူ့ရဲ့ညီမနေအိမ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ပြစ်မှုနဲ့ပတ်တ်သတ်တဲ့ သက်သေခံပစ္စည်းတွေနဲ့ အတူ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က