ဒီနေ့ည (၁၁)နာရီမှာ ကစားကြမှာပါ။

ဒီနေ့ည (၁၁) နာရီမှာတော့ ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးပွဲတစ်ပွဲဖြစ်တဲ့ ချယ်လ်ဆီး နဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်ကို ကစားသွားတော့မှာပါ။ ကာရာဘောင်းဖလားပွဲမှာလည်း ပူပူနွေးနွေး ကစားပြီးထားတဲ့ အသင်းနှစ်သင်းဖြစ်ပြီး အမှတ်ပေးပွဲမှာ ရှုံးပွဲမရှိသေးတဲ့နှစ်သင်းလည်း ဖြစ်ပါတယ်။ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ ပွဲတစ်ပွဲက ဘယ်လိုတွေဖြစ်လာနိုင်မလဲ? ပွဲကြိုအချက်အလက်တွေကို သိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

 

နှစ်ဖက်အသင်းသတင်းများ

Photo : 101 Great Goal

 

- အစာအိမ်ရောဂါဖြစ်နေတဲ့ ချယ်လ်ဆီးနောက်ခံလူ ခရစ္စတီဆန် ပြန်လည်သက်သာပါပြီ။

- ရူဒီဂါ၊ ပက်ဒရို နဲ့ လော့တပ်စ်ချိခ်တို့ကတော့ ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရပြီး ပါဝင်ဖို့ မသေချာပါဘူး

Photo : 101 Great Goal

 

- လီဗာပူးလ်မှာ နောက်ခံလူ ဗန်ဒိုက် ဒဏ်ရာရနေပြီး ပွဲထွက်ဖို့ မသေချာဘူးလို့ ကလော့ပ်က ဆိုပါတယ်။

- လိဂ်ဖလားပွဲမှာ မပါဝင်ခဲ့တဲ့ အာနိုးလ် နဲ့ ဝိုင်နယ်ဒမ်တို့ကတော့ ပါဝင်လာမှာပါ။

 

အချက်အလက်များ

 

- လီဗာပူးလ်ကတော့ ပရီးမီးယားလိဂ်မှာ မန်ယူကို (၂၈)ကြိမ် ရှုံးနိမ့်ပြီးရင် ချယ်လ်ဆီးကို အကြိမ် (၂၀)အထိ အများဆုံးရှုံးနိမ့်ထားပါတယ်။

- လီဗာပူးလ်ဟာ ဒီပွဲကို အနိုင်ရရင် ပရီးမီးယားလိဂ် (၇)ပွဲဆက် အနိုင်ရပြီး စံချိန်သစ်တင်နိုင်မှာပါ။

Photo : 101 Great Goal

 

- ထိပ်တန်းအသင်း (၆)သင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲ နောက်ဆုံး (၈)ပွဲမှာ တစ်ပွဲသာ လီဗာပူးလ် နိုင်ခဲ့ပါတယ်။

- လီဗာပူးလ်နဲ့ ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး (၆)ပွဲမှာ ချယ်လ်ဆီးတိုက်စစ်မှူး ဂီရော့ဒ်က (၅)ဂိုး သွင်းယူထားပါတယ်။

Photo : 101 Great Goal

 

- လီဗာပူးလ်နည်းပြ ကလော့ပ်ကတော့ ချယ်လ်ဆီးနဲ့ ကစားခဲ့တဲ့ အဝေးကွင်း (၃)ပွဲမှာ (၂)ပွဲ အနိုင်ရထားပါတယ်။

- ဆာဒီယိုမာနေး နဲ့ မိုဟာမက်ဆာလာတို့ဟာ ပရီးမီးယားလိဂ်မှာ ကျန်တဲ့ တိုက်စစ်အတွဲတွေထက် ပိုမိုသာလွန်တဲ့ စွမ်းဆောင်ရည်ရှိနေပြီး နှစ်ဦးပေါင်း (၁၀) ဂိုးဖန်တီးပေးထားပါတယ်။

 

ဖြစ်နိုင်ဖွယ်လူစာရင်း

Screen-Shot-2018-09-25-at-14.20.17-859x1024.png 

 

 

ပေါလ်မာဆွန်ရဲ့ခန့်မှန်းချက်

 

- ဟာဇက်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားလို့ ကျွန်တော်တော့ထင်တယ်။ လက်ရှိ သူစွမ်းဆောင်ပြနေတဲ့ ခြေစွမ်းထက်သာလွန်အောင် ဘယ်သူမှ မလုပ်နိုင်ဘူးလို့ ကျွန်တော်တစ်ဦးတည်းရဲ့ အမြင်အရ ပြောချင်ပါတယ်။ ဗုဒ္ဓဟူးနေ့ကလည်း သူ လီဗာပူးလ် ကစားသမား (၃)ဦးကို ကျော်ဖြတ်ပြီး လှပတဲ့ကန်ချက်နဲ့ ဂိုးသွင်းခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးလ်ရဲ့ ခြေစွမ်းနဲ့ တိုက်စစ်ပိုင်း ကောင်းမွန်တာကလည်း ချယ်လ်ဆီးကို အန္တရာယ်ပေးနိုင်ပါတယ်။ ဒီပွဲက တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေတစ်မှတ်စီ ခွဲယူသွားတာက မျှတမယ် ထင်ပါတယ်။

Share

Loading Next Article...
က္က