မယုံကြည်နိုင်လောက်စရာကစားသမားလို့ ချီးကျူးခဲ့တာပါ။

ပီအက်စ်ဂျီအသင်းရဲ့နည်းပြ သောမတ်စ်တူချယ်ဟာ ယနေ့ညမှာ မန်ချက်စတာယူနိုုက်တက်အသင်း အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားရမယ့် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မတိုင်မီမှာ မန်ယူကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာရဲ့အရည်အသွေးနဲ့ ပတ်သက်ပြီး မှတ်ချက်ပြု ပြောကြားခဲ့တယ်လို့ Metro ရဲ့သတင်းအရ သိရပါတယ်။

ပေါ့ဂ်ဘာဟာ နည်းပြဟောင်း မော်ရင်ဟိုရှိစဉ်က ပုံမှန်ပွဲထွက်ခွင့်မရရှိခဲ့ဘဲ ပွဲထွက်ကစားခွင့်ရရှိခဲ့ရင်လည်း ပုံမှန်ခြေစွမ်း ပြသနိုင်ခဲ့ခြင်းမရှိသူဖြစ်ပါတယ်။ နည်းပြမော်ရင်ဟို ထုတ်ပယ်ခံခဲ့ရပြီး ယာယီနည်းပြ ဆိုးလ်ရှား စတင်ရောက်ရှိလာတဲ့အချိန်ကစပြီး ခြေစွမ်းကောင်းပြသနေသူဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ ဆိုးလ်ရှားစတင် ရောက်ရှိတဲ့ ဒီဇင်ဘာလကနေစပြီး ယနေ့အချိန်အထိ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့သူဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းနည်းပြ တူချယ်က မန်ယူနဲ့ပွဲစဉ်မတိုင်မီမှာ ပေါ့ဂ်ဘာနဲ့ မာရှယ်တို့ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

“ပေါ့ဂ်ဘာ အဓိကကစားသမားဖြစ်နေတာနဲ့ပတ်သက်ပြီး အံ့သြစရာမရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။ သူက မယုံကြည်နိုင်လောက်စရာ ကစားသမားပါ”

“သူ့မှာ အံ့အားသင့်စရာ အရည်အသွေးတွေရှိပြီး အများကြီး သူလုပ်နိုင်တယ်။ အရမ်းလည်း ကြံ့ခိုင်ပြီး သူ့ခြေထောက်ထဲမှာ ဘောလုံးရှိနေရင် သူက အရမ်းကောင်းပြီး တစ်ဦးချင်းတွေ့ဆုံမှုတွေမှာ အရမ်းကြံ့ခိုင်တဲ့သူပါ။ အမြဲတမ်း ကွဲပြားခြားနားတာတွေလုပ်နိုင်ပြီး သူက တိုက်စစ်မှာ မာရှယ်နဲ့တွဲလိုက်ရင် အမြဲတမ်း အန္တရာယ်ရှိတဲ့သူလို့ ကျွန်တော့်အတွေးအမြင်ထဲမှာ တွေးမိပါတယ်။ သူတို့အတွဲဟာ အရမ်းအန္တရာယ်ရှိတဲ့ တွဲဖက်မှုပါ”

“ဘောလုံးက ညာဘက်ကနေ ရောက်လာပြီး သူကလည်း မှန်ကန်တဲ့အချိန်မှာ ရောက်လာမယ်ဆိုရင် ပေါ့ဂ်ဘာက ပင်နယ်တီဧရိယာထဲမှာ အန္တရာယ်ရှိသူပါ။ သူက ခေါင်းတိုက်တာလည်း အရမ်းကောင်းပြီး လုံးဝကို အဓိကကစားသမားပါပဲ။ အခု သူ ခေါင်းဆောင်တစ်ဦးဖြစ်လာပါပြီ။ အသင်းအတွက် ကစားပေးရတာလည်း သူနှစ်သက်ပါတယ်”လို့ ချီးကျူးပြောကြားခဲ့ပါတယ်။

Share

က္က