လေးစားရတဲ့ အနုပညာရှင်တစ်ဦးပါ။

အခက်အခဲပေါင်းများစွာနဲ့ ဖြတ်သန်းနေကြတဲ့ ဘဝထဲမှာ ပျော်အောင်နေတတ်ဖို့သာ အရေးကြီးပါတယ်လို့ နေတိုးက ဆိုပါတယ်။

Photo : နေတိုး



သရုပ်ဆောင် နေတိုးဟာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးလျက်ရှိပါတယ်။ အနုပညာအလုပ်တွေ ပြန်လုပ်နေပြီဖြစ်တဲ့ နေတိုးဟာ သူ့ရဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် ဖေ့စ်ဘွတ်ပေ့ချ်ကနေ သူ့ရဲ့လှုပ်ရှားမှုတိုင်းကို အမြဲတမ်း ပြောပြနေသူပါ။ ဒီနေ့မှာလည်း ပရိသတ်တွေနဲ့ အတူရိုက်ထားတဲ့ ပုံလေးတွေ တင်ရင်းနဲ့ ယခုလို စကားလေးလည်း ပြောထားတာတွေ့ရပါတယ်။

Photo : နေတိုး

ဘဝဆိုတာ အခက်အခဲ ပေါင်းများစွာနဲ့ ဒီလိုပဲ ဖြတ်သန်းနေကြရတာပါ ပျော်အောင်နေတတ်ဖို့သာအရေးကြီးပါတယ် ပရိသတ်များအားလုံး ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ။” ဆိုပြီး နေတိုးရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဒီဇင်ဘာ(၂၀) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

နေတိုးဟာ ဒီဇင်ဘာ(၁၄) ရက်နေ့က ပြုလုပ်ခဲ့တဲ့ Shwe FM (9)နှစ်ပြည့် နှစ်ပတ်လည် ဂီတဆုပေးပွဲမှာ “လရောင်ဖြာတဲ့အင်းလေးမှာ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တဲ့ “လရောင်ချော့တေး” သီချင်းနဲ့ ရုပ်ရှင်ဇာတ်ဝင်တေးသံရှင်ဆုကို ရရှိခဲ့ပါသေးတယ်။

Photo : နေတိုး

ကျရာဇာတ်ရုပ်တိုုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ယောက်ဖြစ်လာတဲ့ နေတိုးဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) ရုပ်ရှင်ကား ၃ ကားမှာ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုတို့ကို ရရှိခဲ့ပါတယ်။

နေတိုးဟာ အနုပညာအရည်အသွေး ပြည့်ဝတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်အဖြစ် သရုပ်ဆောင်လောကမှာ အောင်မြင်စွာ ရပ်တည်နေသူတစ်ဦး ဖြစ်ပါတယ်။

Photo : နေတိုး

ဒါ့အပြင် နေတိုးဟာ ကိုယ်ပိုင်စတူဒီယိုတစ်ခုဖြစ်တဲ့ Story Book Movie Studio ကို မြောက်ဒဂုံမြို့နယ်၊ ၄၁ တိုးချဲ့ရပ်ကွက်၊ တော်ဝင်အိမ်ရာ၊ မြတ်လေးလမ်း၊ အမှတ် (G-10) မှာ ဖွင့်လှစ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က