သင်္ဘောဟာ မီးပြတိုက်ပြင်ဖို့အသွား နစ်မြုပ်ပျောက်ဆုံးသွားတာပါ။

ခိုင်ပြည်နယ် မာန်အောင်ရှိ ဆင်ပြောင်သင်္ဘောနစ်မြှုပ်မှုမှာ ပျောက်ဆုံးသွားသူ ၁၉ ဦးအနက် ၁၀ ဦးကို သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့တယ်လို့ ရခိုင်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

Photo- Rakhine Fire Force

ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၆ နာရီခွဲအချိန်အထိ အလောင်း ၁၀ လောင်း ဆယ်ယူရရှိခဲ့ပြီး သေဆုံးသူတွေမှာ ဦးထွန်းထွန်း ရေယာဉ်မှူး (စမ်းချောင်းမြို့နယ်၊ ဦးထွန်းအောင် ဒု-ရေယဉ်မှူး (ဒလမြို့နယ်)၊ ဦးမြတ်မော် သင်္ဘောဝန်ထမ်း (သာကေတမြို့နယ်)၊ ဦးတင်မောင်ဝင်း (ဒလမြို့နယ်)၊ ဦးကျော်ညွန့် (သန်လျင်မြို့နယ်)၊ ဦးမြတ်ဆွေ (မင်္ဂလာတောင်ညွန်းမြို့နယ်)၊ ဦးသိန်းလွင် (ဒလမြို့နယ်)၊ ဦးထွန်းဦး (မူူလသင်္ဘောထွက်စာရင်းတွင်မပါဘဲ ဆင်ပြောင်သင်္ဘောပေါ်တွင် ရန်ကုန်မှပါလာသူ)၊ ဦးမင်းလွင် သင်္ဘောဝန်ထမ်း (ဗဟန်းမြို့နယ်)နဲ့ ဦးမင်းဇော်ထွေး သင်္ဘောဒု-လုပ်သား (ဒေါပုံမြို့နယ်) တို့ဖြစ်တယ်လို့ သိရပါတယ်။

Photo- Rakhine Fire Force

ဖေဖော်ဝါရီလ၁၁ ရက် မနက် ၄ နာရီခွဲအချိန်လောက်က ဆင်ပြောင် သင်္ဘောမှာ ကျောက်ဖြူခရိုင်၊မာန်အောင်မြို့နယ်၊ဇီးတောကမ်းခြေနှင့် (၄)မိုင်ခန့်အကွာ လက်ဖက်ကျွန်းမီးပြတိုက်ကို ပြုပြင်ဖို့သွားရာ နစ်မြှုပ်ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ သင်္ဘောနစ်မြှုပ်ရာမှာ အသက်ရှင်လျှက် ၇ ဦးကို ကယ်ဆယ်ရရှိခဲ့ပြီး ကျန်ရှိတဲ့ သူ ၁၉ ဦးကို ရှာဖွေခဲ့ရာမှာ ၁၀ ဦးကို သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့တာပါ။ လက်ရှိတော့ ကျန်ရှိနေသေးတဲ့ ပျောက်ဆုံး ၉ ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ရခိုင်မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က