ရီးရဲမက်ဒရစ်အသင်းကို ပြောင်းေွှရ့ဖို့ ရွေးချယ်ထားတာပါ။

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ ယခုလာမယ့် နွေရာသီမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီး ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ထားကြောင်း စပိန်သတင်းတွေအရ သိရပါတယ်။

ပေ့ါဂ်ဘာဟာ ယာယီနည်းပြဆိုးလ်ရှား လက်ထက်မှာ အကောင်းဆုံးပုံစံပြသနေသူဖြစ်ပြီး သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်ထားသူဖြစ်ပါတယ်။ နည်းပြဟောင်းမော်ရင်ဟိုနဲ့ ဆက်ဆံရေး မပြေမလည်ဖြစ်ပြီး အသင်းကနေ ထွက်ခွာဖို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ ပေါ့ဂ်ဘာဟာ ယာယီနည်းပြ ဆိုးလ်ရှားလက်အောက်မှာ ပျော်ရွှင်နေတယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပြီး ယခုနောက်ဆုံး ထွက်ရှိလာတဲ့သတင်းတွေအရတော့ ပေ့ါဂ်ဘာက ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့မှာဖြစ်တယ်လို့ ဆိုပါတယ်။

Marca ရဲ့ဖော်ပြချက်အရ ပေ့ါဂ်ဘာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ကိစ္စကို အလေးအနက်ပြုလုပ်နေပြီး အေးဂျင့်မိုင်နိုရွိုင်အိုလာက ပေါ့ဂ်ဘာအတွက် အသင်းသစ်ကို ရှာဖွေပေးနေကြောင်း သိရပါတယ်။ ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းကလည်း ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ပေါင်သန်း ၃၀၀ အထိ အသုံးပြုခွင့်ရရှိထားတယ်လို့ သိရပြီး ပေါ့ဂ်ဘာကို ကြီးမားတဲ့ပမာဏနဲ့ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ့ဂ်ဘာကို ထိန်းသိမ်းဖို့ ဆုံးဖြတ်ထားပြီး ယခုအပတ်အစောပိုင်းမှာ ပေ့ါဂ်ဘာက ဇီဒန်းနဲ့အတူ ရီးရဲမက်ဒရစ်အသင်းမှာ အလုပ်အတူလုပ်ဖို့ဟာ ၎င်းရဲ့အိပ်မက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က