ဒီနေ့(မေလ ၂၂) ရက်နေ့ကတော့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ရဲ့ အမှတ်တရနေ့လေး တစ်နေ့ဖြစ်ပါတယ်။ ချစ်သူလေး ဧငြိမ်းဖြူအတွက် ရဲရင့်အောင်က သူ့ရင်ထဲက စကား ပြောပြလာပါတယ်။
Photo: A Nyein Phyu
မေလ ၂၂ ရက်နေ့ဟာ အဆိုတော် ရဲရင့်အောင်နဲ့ Dancer မလေး ဧငြိမ်းဖြူတို့ရဲ့ ချစ်သူသက်တမ်း ၂ နှစ်နဲ့ နှစ်လပြည့်တဲ့နေ့ပါ။ ရဲရင့်အောင်က ဧငြိမ်းဖြူကို ချစ်စနိုးနဲ့ အခုလို စနောက်ခဲ့ပါတယ်။
‘’Happy Anniversary အရူးမရေ <3 အတူတူလိုက်ရူးပေးတာတွေရော၊ အဆိုးချိန်တွေမှာ ရှိနေပေးတာရော၊ ဖြစ်တည်မှုအားလုံးအတွက် <3 <3 <3’’ ဆိုပြီးတော့ ရဲရင့်အောင်ရဲ့ Facebook Story မှာ မေလ ၂၂ ရက်နေ့ မနက် ၆ နာရီကျော်က တင်ထားတာကို တွေ့ရပါတယ်။
Photo: Yair Yint Aung
အဆိုတော် ရဲရင့်အောင် နဲ့ Dancer မလေး ဧငြိမ်းဖြူ တို့ဟာ မတ်လ ၂၂ ရက်နေ့မှာပဲ ချစ်သူ သက်တမ်း ၂ နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း အရမ်းချစ်ကြတဲ့ ချစ်သူတွေပါ။
‘’Happy Anniversary ပါ အရူးမရေ ‘’ ဆိုပြီးတော့ ချစ်သူလေး ဧငြိမ်းဖြူကို စနောက်ပြီး သူ့ရဲ့ Facebook Story မတ်လ ၂၂ ရက်နေ့ ည ၉ နာရီကျော်မှာ တင်ခဲ့ပါတယ်။ အဲဒီနောက် ဧငြိမ်းဖြူရဲ့ Facebook Story မှာလည်း Happy 26 လေ အရူးကြီးရေ ‘’ ဆိုပြီးတော့လည်း ပြန်လည်ရေးသားထားတာကို တွေ့ရပါတယ်။
Photo: A NYein Phyu
သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်နေပြီဆိုတာကိုတော့ ၂၀၁၇ ခုနှစ် ဧပြီလ အတွင်းမှာ ပရိသတ်တွေကို ပြောပြခဲ့တာဖြစ်ပါတယ်။ ရဲရင့်အောင်ဟာ ဂီတဘက်မှာ အောင်မြင်သူဖြစ်သလို ဧငြိမ်းဖြူကလည်း သရုပ်ဆောင်ဘက်မှာရော အက ဘက်မှာပါ အောြ်မင်နေသူတစ်ဦး ဖြစ်ပါတယ်။ ဧငြိမ်းဖြူဟာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌဟောင်းဦးကြည်စိုးထွန်းရဲ့မြေး ဖြစ်ပြီး၊ ဒါရိုက်တာ ဒေါ်သီတာလင်းရဲ့ သမီးငယ်ပါ။