ပြင်သစ်အသင်းသားဘက်က ကာကွယ်ပြောပေးခဲ့တာပါ။

ပြင်သစ်အသင်းနည်းပြ ဒီဒီယာဒက်ချမ့်ကတော့ သူ့ရဲ့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဘက်ကနေ ကာကွယ်ပြောကြား လိုက်ပါပြီ။ မန်ယူအသင်းမှာ ခြေစွမ်းမပြနိုင်သလို စိတ်ပါလက်ပါ မကစားဘူးလို့ ဝေဖန်ခံနေခဲ့ရတဲ့ တပည့်ကျော်အတွက် ဒက်ချမ့်က ပြန်လည်တုံ့ပြန်သွားခဲ့တာ ဖြစ်ပါတယ်။

Photo : The Independent

 

မန်ယူမှာ နည်းပြမော်ရင်ဟို နဲ့ ပြသနာတွေ တက်နေပြီး ဆက်ဆံရေးပျက်စီးနေတဲ့ ပေါ့ဂ်ဘာဟာ ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာလည်း အသင်းအတွက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း မော်ရင်ဟိုက ဒုတိယပိုင်း မိနစ် (၆၀)ကျော်မှာ ပေါ့ဂ်ဘာကို လူစားလဲလှယ် သွားခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ဒီပွဲမတိုင်ခင်ကတည်းက လေ့ကျင့်ရေးကွင်းမှာ ပြသနာတက်နေခဲ့တာ ဖြစ်ပါတယ်။

(၃)မိနစ်အတွင်းမှာ ပျော်ရွှင်၊ စိတ်ပျက်စရာ ဖြစ်ခဲ့ရတဲ့ ဗန်ပါစီ 

Photo : The Times

 

ဒက်ချမ့်က ပေါ့ဂ်ဘာတစ်ဦးတည်းအပေါ်မှာ မျှော်လင့်လို့ မရဘူးလို့ ပြောဆိုခဲ့ပြီး ပေါ့ဂ်ဘာအနေနဲ့ အသင်းသားတစ်ယောက်အနေနဲ့သာ အကောင်းဆုံး ပြုလုပ်သွားနိုင်မယ်လို့ ပြောဆိုလိုက်တာပါ။ ဒက်ချမ့် ပြောခဲ့တာကတော့ -

 

"ပေါ့ဂ်ဘာက သူများနဲ့ မတူတဲ့ ကစားသမားပါ၊ ပြီးတော့ သူက ပွင့်လင်းမှုလည်း ရှိတယ်၊ သူနဲ့ ၂၀၁၃ ခုနှစ်လောက်ကတည်းက လက်တွဲခဲ့တာ အခုဆို (၅)နှစ် ရှိသွားပါပြီ၊ သူက အသင်းတစ်သင်းရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်၊ ဒီအချက်က အရမ်းအရေးကြီးပါတယ်၊ သူက မီဒီယာတွေမှာ သူ့ပုံပါလာပြီဆိုရင် အားလုံးက ရှုပ်ထွေးကုန်တော့တာပါပဲ"

Photo : Sports Illustrated

 

"သူ့အတွက် မန်ယူပေးချေခဲ့ရတဲ့ ငွေကြေးက အရမ်းများပြားပါတယ်၊ ဒီအတွက် သူ့ကို ကိုင်တွယ်စီမံဖို့က ခက်ခဲနေမှာပါ၊ ကမ္ဘာ့ဖလားမှာ သူ့ရဲ့ ပုံစံအမှန်ကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်၊ ဒီအချက်က ဘာကိုပြောခဲ့တာလဲဆိုတော့ ပေါ့ဂ်ဘာက ကမ္ဘာ့ဖလားချန်ပီယံဖြစ်ဖို့ သူ့ကိုယ်သူ ပြင်ဆင်ပြီး လာခဲ့တယ်ဆိုတာပါပဲ၊ သူ့စိတ်ထဲမှာ ဘာရှိနေလဲဆိုတာကို ဖော်ပြသွားခဲ့တာပါ"

Photo : Fox Sports

 

"အသင်းတစ်သင်းအောင်မြင်ဖို့ဆိုတာ ကစားသမားတစ်ယောက်တည်းအပေါ် မူတည်မနေပါဘူး၊ အသင်းပေါ်မှာပဲ မူတည်တာပါ၊ အသင်းအနိုင်ရဖို့အတွက်က ကစားသမားတစ်ဦးတည်းရဲ့ ကိစ္စမဟုတ်ပါဘူး" လို့ ဒက်ချမ့်က ပေါ့ဂ်ဘာရဲ့ အခြေအနေတွေအပေါ်မှာ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က