အသင်းခေါင်းဆောင်ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။

ပေါ့ဂ်ဘာဟာ ရာသီအစက အသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပေမယ့် မော်ရင်ဟိုနဲ့ ပြသနာဖြစ်ပွားပြီးနောက်မှာ အဆိုပါတာဝန်ကနေ ရုတ်သိမ်းခံခဲ့ရသူ ဖြစ်ပါတယ်။

လာမယ့် နွေရာသီမှာ ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်လာဖွယ်ရှိတယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြခဲ့ကြောင်း Daily Mail က ရေးသားခဲ့ပါတယ်။ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ ရာသီအစက အသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပေမယ့် မော်ရင်ဟိုနဲ့ ပြသနာဖြစ်ပွားပြီးနောက်မှာ အဆိုပါတာဝန်ကနေ ရုတ်သိမ်းခံခဲ့ရသူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်ရဲ့ လက်ရှိအသင်းခေါင်းဆောင် ဗလန်စီယာက အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တဲ့အတွက် ပေါ့ဂ်ဘာဟာ အသင်းခေါင်းဆောင်ဖြစ်လာမယ့် လမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့တယ်လို့ The Sun ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Daily Mail သတင်းဌာနက ပြန်လည်ဖော်ပြသွားခဲ့ပါတယ်။

ယာယီနည်းပြဆိုးလ်ရှားလက်ထက်မှာ ခြေစွမ်းကောင်းတွေ ပြသနေပြီး အသင်းရဲ့ အရေးပါတဲ့ ကစားသမားအဖြစ် ရပ်တည်နေခဲ့တဲ့ ပေါ့ဂ်ဘာသာ လက်ရှိခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့မယ်ဆိုရင် ယူနိုက်တက်အသင်းခေါင်းဆောင်ရာထူးကို ပေးအပ်ခံရဖွယ်ရှိနေပါတယ်။ လက်ရှိမှာ အသင်းခေါင်းဆောင် ဗလန်စီယာ မပါဝင်တဲ့ပွဲတွေမှာ အခြားဝါရင့်ကစားသမား အက်ရှ်လေယန်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေခဲ့ပါတယ်။

အသင်းရဲ့ ကစားသမားတွေအပေါ် ပေါ့ဂ်ဘာက လွှမ်းမိုးမှု ကြီးမားသူဖြစ်ပြီး ဦးဆောင်နိုင်သူ ဖြစ်တယ်လို့ ဆိုးလ်ရှားကလည်း ယုံကြည်နေပါတယ်။ "ကမ္ဘာ့ဖလားကို ပေါ့ဂ်ဘာ ရရှိခဲ့တုန်းက သူ့ရဲ့ လုပ်ဆောင်မှုတွေက ဘယ်လိုအဓိပ္ပာယ်လဲဆိုတာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရ

ပါတယ်၊ ကျွန်တော့်အတွက်တော့ ပေါ့ဂ်ဘာက အသင်းခေါင်းဆောင်ဖြစ်ဖို့ အလားအလာရှိသူပါ" လို့ ဆိုးလ်ရှားက ပြောကြားခဲ့ဖူးပါတယ်။

ဆိုးလ်ရှားလက်ထက်မှာ ပေါ့ဂ်ဘာက အသင်းအတွက် (၁၄)ပွဲကစားပေးထားပြီး (၉)ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ထူးထူးခြားခြားခြေစွမ်းပြနေခဲ့တာ ဖြစ်ပါတယ်။ ကစားသမားဘဝတစ်လျှောက် ဒီရာသီဟာလည်း ပေါ့ဂ်ဘာအတွက် သွင်းဂိုးအများဆုံး ရရှိခဲ့တဲ့ ဘောလုံးရာသီအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး မော်ရင်ဟို ထုတ်ပယ်ခံရပြီးချိန်မှာ သူ့ရဲ့ ခြေစွမ်းက သိသိသာသာ တိုးတက်ပြောင်းလဲလာခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က