မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ အသင်းကနေ ရောင်းချရဖွယ်ရှိနေတဲ့ ပေ့ါဂ်ဘာရဲ့ နေရာမှာ အစားထိုးမယ့်ကစားသမားကို သတ်မှတ်ထားပြီးဖြစ်တယ်လို့ သိရပြီး လက်စတာစီးတီးကြယ်ပွင့် တီရယ်မန်းစ်ကို ခေါ်ယူသွားမယ်လို့ The Sun ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့် ပေ့ါဂ်ဘာဟာ လာမယ့်လမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး အသင်းဟောင်း ဂျူဗင်တပ်နဲ့ ရီးရဲမက်ဒရစ်အသင်းတို့က ပေါ့ဂ်ဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပေ့ါဂ်ဘာရဲ့နေရာမှာ အစားထိုးဖို့အတွက် မဖြစ်မနေ ရှာဖွေရတော့မယ့်အခြေအနေဖြစ်လာခဲ့ပြီး The Sun ရဲ့သတင်းအရ လက်စတာစီးတီးကြယ်ပွင့် တီရယ်မန်းစ်ကို ခေါ်ယူဖို့ ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
မိုနာကိုအသင်းဟာ လက်စတာစီးတီးအသင်းကို အငှားချထားတဲ့ တီရယ်မန်းစ်ကို ပေါင်သန်း ၄၀ နဲ့ ရောင်းချလိုနေတယ်လို့ သိရပြီး မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းမီမှာ ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။
ဘယ်လ်ဂျီယံဂျာနယ်လစ် ခရစ်စတော့ဖ်တာရာရဲ့သတင်းအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တီရယ်မန်းစ်အတွက် မိုနာကိုအသင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ တီရယ်မန်းစ်ကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ တီရယ်မန်းစ်ကို အပြီးသတ်ခေါ်ယူလိုနေတဲ့ လက်စတာစီးတီးအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေပြီး ပေါ့ဂ်ဘာရဲ့အခြေအနေအပေါ်မူတည်ပြီး ယူနိုက်တက်အသင်းက လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။