ရီးရဲမက်ဒရစ်အသင်းက လာမယ့်ဇန်နဝါရီမှာ ခေါ်ယူဖို့ ထပ်မံကြိုးစားသွားမှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာလည်း ပေါ့ဂ်ဘာအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၇၉ သန်းကို အပြောင်းအလဲပြုလုပ်သွားမှာမဟုတ်ကြောင်း Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ပေါ့ဂ်ဘာဟာ ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ ကြိုးပမ်းခဲ့ရာမှာ အောင်မြင်ခဲ့ခြင်းမရှိဘဲ ရီးရဲမက်ဒရစ်အသင်းက ပေါ့ဂ်ဘာကို ခေါ်ယူလိုနေဆဲဖြစ်တယ်လို့ သိရပါတယ်။ စပိန်သတင်းဌာန Sport ရဲ့သတင်းအရ ရီးရဲမက်ဒရစ်နည်းပြဇီဒန်းက ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ဆုံးဖြတ်ထားဆဲဖြစ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ စိတ်ဝင်စားမှုကို ပြန်လည်အသက်သွင်းသွားမယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ ပေါ့ဂ်ဘာကို ခေါ်ယူမယ့် ရီးရဲမက်ဒရစ်အသင်းရဲ့အန္တရာယ်ကနေ အောင်မြင်စွာ တားဆီးနိုင်ခဲ့ပြီးနောက် လာမယ့်ဇန်နဝါရီလမှာလည်း ပေါ့ဂ်ဘာအတွက် ကြီးမားတဲ့ပြောင်းရွှေ့ကြေးကို ဆက်လက်တောင်းဆိုသွားမယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ပေါ့ဂ်ဘာကို ထိန်းသိမ်းထားလိုနေပြီး ကာလရှည်စာချုပ်သစ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ပေါ့ဂ်ဘာရဲ့အေးဂျင့် မိုင်နိုရွိုင်အိုလာက ပေ့ါဂ်ဘာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ယူနိုက်တက်နဲ့ ဆွေးနွေးခဲ့ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ဖြစ်နိုင်ခြေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပေါ့ဂ်ဘာရဲ့လက်ရှိစာချုပ်ဟာ ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ပေါ့ဂ်ဘာက လာမယ့်နှစ်မှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာပြီး ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။ ပေါ့ဂ်ဘာရဲ့အစ်ကို မားသီးယပ်စ်ပေါ့ဂ်ဘာကလည်း ၎င်းရဲ့ညီဖြစ်သူဟာ ကစားသမားအချို့နဲ့ စကားပြောဆိုခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“သူ ကစားသမားအချို့နဲ့ စကားပြောခဲ့တာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ရာမို့စ်တော့ မဟုတ်ပါဘူး”

“ဘယ်သူလဲဆိုတော့ အင်း မက်ဆီပါ။ ဟုတ်ပါတယ်။ တစ်ခါတရံမှပါ၊ အမြဲတမ်းတော့မဟုတ်ပါဘူး”

“ဇလာတန်လည်းပါတယ်။ ဂရစ်ဇ်မန်းလည်းပါတယ်။ လက်ရွေးစင်အသင်းမှာ အတူကစားနေတာကြောင့်ပါ”လို့  El Chiringuito TV ကို ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က