မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကစားသမား ဂယ်ရီနဗီးက ပေါ့ဂ်ဘာကို ဝေဖန်ပြောဆိုခဲ့တဲ့ ၎င်းရဲ့ပြောဆိုမှုတွေကို ကာကွယ်ပြောကြားခဲ့ပြီး ပေါ့ဂ်ဘာဟာ အကောင်းဆုံးကစားသမား၊ အသင်းမှာ နာမည်အကြီးဆုံးကစားသမားဖြစ်တဲ့အတွက် ပိုပြီးဝေဖန်ခံနေရတာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲမှာ အနိုင်မရရှိခဲ့ဘဲ ယင်းပွဲစဉ် ၃ ပွဲစလုံးက ပေါ့ဂ်ဘာရဲ့စွမ်းဆောင်ရည်ဟာ ဝေဖန်ပြစ်တင်ခံခဲ့ရတာဖြစ်ပါတယ်။ အထူးသဖြင့် ဝုဗ်အသင်းနဲ့ သရေကျခဲ့တဲ့ပွဲစဉ်က ပင်နယ်တီပြစ်ဒဏ်ဘောကို လွဲချော်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဒေါသထွက်ခြင်းကို ခံနေရတာဖြစ်ပါတယ်။
ဂယ်ရီနဗီးကလည်း အထူးသဖြင့် ပေ့ါဂ်ဘာရဲ့ပင်နယ်တီလွဲချော်မှုအကြောင်းကို ဝေဖန်ပြောကြားခဲ့ပေမယ့် ပေ့ါဂ်ဘာအနေနဲ့ အသင်းမှာ အကောင်းဆုံးကစားသမားဖြစ်နေတဲ့အတွက် ဖိအားတွေပိုခံရမယ်လို့ ပြောကြားခဲ့ပြီး ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကစားသမားဖြစ်လာအောင်လုပ်ဖို့ စိန်ခေါ်ခဲ့ပါတယ်။
“ကျွန်တော် ပေါ့ဂ်ဘာကို ဝုဗ်နဲ့ပွဲက ပင်နယ်တီကိစ္စကို ဝေဖန်ခဲ့တုန်းက ရွိုင်ကိန်း ဒါမှမဟုတ် ဒေးဗစ်ဘက်ခမ်း ဒါမှမဟုတ် ဝိန်းရူနီတို့ထက် ပိုပြီး ကွဲပြားခြားနားလိမ့်မယ်လို့ မမြင်ခဲ့ပါဘူး”
“အကောင်းဆုံးကစားသမား၊ ခေါင်းဆောင်တစ်ဦး၊ အသင်းရဲ့ အသင်းခေါင်းဆောင်က ခေါင်းခံပြီး ဝေဖန်မှုတွေကို လက်ခံရမှာပါ။ နည်းပြကလည်း လက်ခံရလိမ့်မယ်။ ဝေဖန်မှုတွေကို လက်ခံရမှာက လက်ထောက်နည်းပြမဟုတ်ဘူး။ ဘယ်တောင်ပံ ဒါမှမဟုတ် ညာတောင်ပံ ဒါမှမဟုတ် ဘယ်နောက်ခံကစားသမားတွေမဟုတ်ဘူး။ အသင်းမှာ နံပါတ်တစ်ဖြစ်နေတဲ့ ကစားသမားကပဲ ခေါင်းခံရမှာ။ အဲဒါက ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ပါဘူး”လို့ Off The Ball Show ကို ပြောကြားခဲ့ပါတယ်။