ဆေးရုံကိုပို့ပြီး ကုသခဲ့ရပါတယ်။

ပေါင်မြို့မှာ စက်တင်ဘာ ၁၁ ရက်နေ့ နေ့လည်ပိုင်းက ခွေးရူးတစ်ကောင် လိုက်ပြီး ကိုက်တာကြောင့် အနည်းဆုံး လူ ၁၅ ယောက်လောက်ဒဏ်ရာရရှိသွားပြီး ဆေးကုသမှုခံယူခဲ့ရတယ်လို့ ပေါင်မြို့ ကဒါရပ်ကွက် ဒေသခံ တစ်ယောက်က Duwun ကို စက်တင်ဘာ ၁၂ ရက်နေ့မှာ ပြောပါတယ်။

 

41475936_2226764560881641_1142105071853502464_n.jpg



"ဘုံကျောင်းလမ်းထဲက လူတွေကို ကိုက်တာပါ။ ခွေးက ရူးတယ်လု့ိတော့ ပြောတယ် ရူးလားကောင်းလားတော့ ကျွန်တော်သေချာမသိဘူးပေါ့ဗျာ။ လူတွေကတော့ ဆေးရုံမှာ ဆေးသွားကု လိုက်ရတယ်။"လို့ ပေါင်ဒေသခံ ကိုအောင်သက်ပိုင်ကပြော Duwun ကိုပြောပါတယ်။



အဲ့ဒီခွေးရူးကိုက်မှုကြောင့် အသက် ၂ နှစ်အရွယ်ကလေးတစ်ယောက်နဲ့ အသက် ၇၈ နှစ်အရွယ် အဘွားအိုတစ်ဦးအပါအဝင် အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၆ ယောက်တို့ ဒဏ်ရာတွေရရှိခဲ့တယ်လို့ ပေါင်မြို့နယ်ရဲတပ်ဖွဲ့သိရပါတယ်။





ခွေးကိုက်ခံခဲ့ရသူတွေကို ပေါင်မြို့ပြည်သူ့ဆေးရုံကို ပို့ခဲ့ပြီး ခွေးရူးပြန် ကာကွယ်ဆေးတွေ ထိုးပေးခဲရတယ်လို့လည်း ပေါင်မြို့နယ် ရဲတပ်ဖွဲ့ကဆိုပါတယ်။ လမ်းဘေးခွေးကြောင့် ခွေးရူးရောဂါအဖြစ်များပြီး အခြားသောကူးစက်ရောဂါတွေဖြစ်စေနိုင်ပါတယ်။



မြန်မာနိုင်ငံဟာ ခွေးရူးပြန် ရောဂါကြောင့် တစ်နှစ်လျှင် လူ တစ်ထောင်ခန့် သေဆုံးနေရပြီး အရှေ့တောင်အာရှမှာ လူဦးရေ တစ်သန်းကို ၂၂ ဦးနှုန်းဖြင့် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုအများ ဆုံးနိုင်ငံတွင် မြန်မာပါဝင်နေပြီး နှစ်စဉ် ခွေးကိုက်ခံရသူ ဦးရေ ခြောက်သိန်းခန့်ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)က ခန့် မှန်းထားပါတယ်။

Share

Loading Next Article...
က္က