မီးလောင်မှုအကြောင်းရင်းစုံစမ်းနေဆဲပါ။

ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းက ရွှေပြည်သာစက်မှုဇုန်ရှိ အထပ်သားစက်ရုံမီးလောင်မှု ဖြစ်ပွားခဲ့ရာ အလုပ်သမား ၁ ဦးသေဆုံးပြီး ၁၃ ဦး ဆေးရုံ ပို့ထားတယ်လို့ ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသွင်ယုနိုင်က Duwun ကို ပြောပါတယ်။

Photo- Myanmar Fire Services Department



“ ၁၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ စိုးရိမ်ရတဲ့ အနေနဲ့ ၂ ယောက်ပို့ထားတယ်။ အင်းစိန်ဆေးရုံမှာ ၁၂ ယောက်ပို့ထားပါတယ်။ အဲဒီ ၁၂ ယောက်ထဲမှာ ၁ ယောက်ဆုံးသွားပါတယ်။ ရန်ကုန်ဆေးရုံကြီးရဲ့ နှစ်ယောက် အခြေအနေကို လက်ရှိစုံစမ်းနေဆဲပါ” လို့ ဦးသွင်ယုနိုင်က ဆိုပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေမှာ အမျိုးသားတွေဖြစ်ကြပြီး အဆိုပါ စက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

Photo- Myanmar Fire Services Department

ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ ဟွန်ဒါမြန်မာ အထပ်သားစက်ရုံမှာ ဖေဖော်ဝါရီ ၁၈ ရက် ည ၇ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ည ၈ နာရီခွဲမှာမှ မီးငြိမ်းသတ်နိုင်ခဲ့ပြီး Level 3 အဆင့်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိတော့ မီးလောင်ရတဲ့ အကြောင်းရင်း ၊ ဆုံးရှုံးမှုတန်ဖိုး၊ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ သေဆုံးမှု နောက်ဆက်တွဲကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသွင်ယုနိုင်ကပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က