ဒုတိယအကြိမ် ထပ်မံလှူဒါန်းခဲ့တာတဲ့။

သဉ္ဇာနွယ်ဝင်းက သမီးလေး မမွေးခင်မှာ သူမရဲ့ ဆံပင်အရှည်ကို ဖြတ်ပြီး လှူဒါန်းခဲ့ပါတယ်။ ဒါက ဒုတိယအကြိမ် လှူဒါန်းခြင်းပါ။ 

Photo ; သဉ္ဇာနွယ်ဝင်း



သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက သူမရဲ့ ဆံပင်အရှည်ကို ဖြတ်ပြီး ရွှေဆံပင်ကျောင်းမှာ ဇူလိုင်လ(၇) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။ သမီးလေး မမွေးခင် သူမရဲ့ ဆံပင်အရှည်ကို ဖြတ်ပြီး ဒုတိယအကြိမ် သွားလှူခဲ့တာ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းဟာ သူမရဲ့ ဆံပင်ကို ဇွန်လ(၂၇) ရက်နေ့က ကတည်းက ညှပ်ထားတာဖြစ်ပါတယ်။

Photo ; သဉ္ဇာနွယ်ဝင်း

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက လက်ရှိမှ ဒုတိယကိုယ်ဝန်ကို လွယ်ထားနေရပြီ ဖြစ်ပါတယ်။ ကိုယ်ဝန်က လေးလကျော်ထဲကို ရောက်နေပါပြီ။ ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားပြီး မကြာခင်မှာ သမီးလေး ရတော့မှာမို့ သဉ္ဇာနွယ်ဝင်းက ပျော်လို့နေပါတယ်။

အိမ်ထောင်ကျသွားပြီးနောက် အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ သဉ္ဇာနွယ်ဝင်းဟာ အခုလက်ရှိ အချိန်မှာတော့ သူမရူးသွပ်ခဲ့ရတဲ့ အနုပညာအလုပ်တွေကို အရမ်းသတိရနေပါတယ်တဲ့။

Photo ; သဉ္ဇာနွယ်ဝင်း

တစ်ခါတလေဆိုရင် အိမ်မက်ထဲမှာတောင် ဇာတ်ကားတွေ ပြန်ရိုက်နေပြီဆိုပြီး အိမ်မက်တွေတောင် မက်နေမိတယ်လို့ ဆိုပါတယ်။ သူမဟာ အိမ်ထောင်ကျပြီးနောက်ပိုင်း သူမရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေး ပြန်လွှင်တဲ့အခါကျရင် သေချာပြန်ကြည့်ဖြစ်သလို အမှတ်ရစာလေးတွေကိုလည်း ပြန်သတိရမိတယ် ဆိုတာကို မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo ; သဉ္ဇာနွယ်ဝင်း

ကိုလှမျိုးမြင့်နဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းတို့ရဲ့ မင်္ဂလာပွဲကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးခဲ့ကြပါတယ်။ ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က