အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့ပါတယ်။

မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝန်းထဲက ချောကလက်စက်ရုံဝင်းအတွင်းက ၁၂ ပေလောက်နက်တဲ့ တွင်းထဲ ပြုတ်ကျနေတဲ့ အမျိုးသမီးတစ်ဦးကို အသက်ရှင်လျှက်နဲ့ ကယ်တင်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

 

တွင်းထဲပြုတ်ကျခဲ့တဲ့အမျိုးသမီး

 

ဖြစ်စဉ်ကတော့ စက်တင်ဘာ ၃ ရက်နေ့ မနက် ၁၀ နာရီခွဲ ဝန်းကျင်လောက်က မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်း၊ အာတူးလမ်း အမှတ် ၁၃၅/၁၃၇ ချောကလက်စက်ရုံဝန်းအတွင်းမှာ ၁၂ ပေလောက် နက်တဲ့တွင်းထဲကို အမျိုးသမီးတစ်ဦး ပြုတ်ကျနေခဲ့ပါတယ်။

အဲဒါကြောင့် မြောက်ဥက္ကလာပမြို့နယ် နဲ့ ထောက်ကြံမြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ်တွေနဲ့ လာရောက်ကယ်ဆယ်ခဲ့ရာမှာ ၄၅ မိနစ်ကြာလောက် ကယ်ထုတ်ခဲ့ရပြီး မနက် ၁၁ နာရီ ၁၅ မိနစ်ဝန်းကျင်လောက်မှာ အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

 

ဆေးရုံကို ပို့ဆောင်ပေးခဲ့

 

အဆိုပါအမျိုးသမီးမှာ အင်ဂျင်နီယာအမျိုးသမီးတစ်ဦးဖြစ်ပြီး စက်ရုံဝန်းအတွင်းမှာ အလုပ်လုပ်နေရင်း အပေါက်ကျွံကျရာကနေ တွင်းထဲသို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကာ တင်ပဆုံရိုးကျိုးသွားခဲ့တယ်လို့ သိရပါတယ်။

 

အမျိုးသမီးကို မီးသတ်တပ်ဖွဲ့ ကကယ်တင်ခဲ့

 

အဲဒါကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) သီးသန့်မီးသတ်တပ်ဖွဲ့ကနေ အဲဒီအမျိုးသမီးကို  OSC ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့လည်း နာရေးကူညီမှုအသင်း (ရန်ကုန်) ထုတ်ပြန်ပါတယ်။

မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ရင် အရေးပေါ် ဆက်သွယ်ရန် နာရေးကူညီမှုအသင်း(ရန်ကုန်)  ဖုန်း- 191, 01 706421 သို့ (၂၄)နာရီပါတ်လုံး ဆက်သွယ်အကူညီ တောင်းခံနိုင်တယ်လို့သိရပါတယ်။

 

Share

Loading Next Article...
က္က