Batman အနှစ် ၈၀ ပြည့် အထိမ်းအမှတ်အနေနဲ့ Epic Games ကနေပြီးတော့ အရင်က ထွက်ရှိခဲ့တဲ့ Batman ဂိမ်း ၆ ဂိမ်းကို အလကားပေးနေပါတယ်။

    လက်ရှိအချိန်မှာ Batman အနှစ် ၈၀ ပြည့် အထိမ်းအမှတ်အနေနဲ့ Epic Games ကနေပြီးတော့ အရင်က ထွက်ရှိခဲ့တဲ့ Batman ဂိမ်း ၆ ဂိမ်းကို အလကားပေးနေပါတယ်။


Epic Games ဟာ Steam လိုပဲ PC Game အများအပြားကို ဝယ်ယူဆော့ကစားနိုင်တဲ့ ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ Epic Games မှာ အပတ်တိုင်း ဂိမ်းတစ်မျိုးမဟုတ်တစ်မျိုးကို အလကားပေးလေ့ရှိပြီး ယခုတစ်ခါမှာတော့ နာမည်ကြီး Batman ဂိမ်းတွေအလှည့်ကို ရောက်ရှိလာပါပြီ။

Lego Batman Trilogy နဲ့ Batman Arkham Collection ဆိုပြီး Bundle နှစ်ခုကို ၂၆ ရက်နေ့အထိ အလကားပေးနေတာပါ။ Bundle တစ်ခုဟာ Epic Games Store မှာ ၂၅ ဒေါ်လာတန်ကြေးရှိပြီး နှစ်ခုပေါင်းဒေါ်လာ ၅၀ တန်ကြေးရှိတဲ့ ဂိမ်းတွေပဲဖြစ်ပါတယ်။


Lego Batman Trilogy မှာ


•       LEGO® Batman™: The Videogame

•       LEGO® Batman™ 2: DC Super Heroes

•       LEGO® Batman™ 3: Beyond Gotham      တို့ပါဝင်ပြီး


Batman Arkham Collection မှာတော့


•       Batman: Arkham Asylum

•       Batman: Arkham City

•       Batman: Arkham Knight      တို့ပါဝင်ပါတယ်။

         Steam ကတော့ သူတို့ပြိုင်ဖက် Epic Games က Batman ဂိမ်းတွေကို အလကားပေးနေတဲ့အတွက် အားကျမခံဘဲ ဂိမ်းတစ်ဂိမ်းကို ၅ ဒေါ်လာနှုန်းနဲ့ ရောင်းပေးနေပါတယ်။ ဒါပေမယ့် အလကားပေးတဲ့ Epic Games လောက်တော့ လူအများစိတ်ဝင်စားမှုမရပါဘူး။


     ဂိမ်းအလကားပေးပေမယ့် မယူတတ်တဲ့သူတွေရော Epic Games အကောင့်မဖောက်တတ်သူတွေပါ ရှိနေနိုင်လို့ ဘယ်လိုလုပ်ရမယ်ဆိုတာကိုပါ တစ်ခါတည်းပြောပြချင်ပါတယ်။


     အရင်ဦးဆုံး web browser မှာ epicgames.com လို့ရိုက်ပြီး Epic Games ရဲ့ Website ထဲကိုဝင်လိုက်ပါ။ အောက်ကပုံအတိုင်းတွေ့ပါလိမ့်မယ်။

         Epic Games အကောင့် ရှိပြီးသားသူတွေအနေနဲ့ Sign In ဆိုတာကိုနှိပ်ပြီး တန်းဝင်လို့ရပေမယ့် မရှိသေးရင်တော့ အကောင့်အရင်ဦးဆုံးဖွင့်ရပါမယ်။ အကောင့်ဖွင့်မယ်ဆိုရင်လည်း ဒီ Sign In ဆိုတာကိုပဲ နှိပ်ရမှာပါ။ နှိပ်ပြီးပြီဆိုရင်တော့ အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်။


         အကောင့်ဖွင့်မယ်ဆိုရင် ပြထားတဲ့အတိုင်းရွေးချယ်စရာတွေပေးပါလိမ့်မယ်။ Gmail အကောင့်တော့ လူတိုင်းမှာရှိမယ်ထင်ပါတယ်။ အဲဒါကြောင့် အနီနဲ့ပြထားတဲ့အတိုင်း Gmail ကိုပဲရွေးလိုက်ပါမယ်။ ရွေးပြီးရင် Gmail အကောင့်ဝင်ဖို့ Box တစ်ခုပေါ်လာပါလိမ့်မယ်။ အဲဒီမှာ ကိုယ့် Gmail address နဲ့ Password ကိုဖြည်ပေးလိုက်ပါ။

         Gmail ဖြည့်ပြီးပြီဆိုရင်တော့ အပေါ်ကပုံအတိုင်းပေါ်လာပါလိမ့်မယ် အဲဒီမှာ ဖြည့်ရမယ့်ကွက်လပ်တွေကိုဖြည့်ပြီး အောက်ဆုံးက စာကြောင်းနှစ်ကြောင်းမှာ အမှန်ခြစ်လေးတွေနှိပ်ပြီး Create Account ဆိုတာကို နှိပ်လိုက်ပါ။ အဲဒါဆိုရင် အကောင့်ဖွင့်ပြီးသွားပါပြီ။


         အကောင့်ဖွင့်ပြီးတာနဲ့ တစ်ခါတည်း Sign In ဝင်ပြီးသားဖြစ်သွားပြီး Home Page ကိုရောက်သွားပါလိမ့်မယ်။ အဲဒီမှာ အနီနဲ့ပြထားတဲ့ Batman ပုံနဲ့ Free Now ဆိုတာကို နှိပ်လိုက်ပါ။

         ဒီအတိုင်းပေါ်လာပါလိမ့်မယ်။ အဲဒီမှာ Bundle တစ်ခုချင်းစီကိုနှိပ်ပြီး ဂိမ်းကိုအလကားရယူနိုင်ပါပြီ။ တစ်ခါတည်းဆော့ချင်တယ်ဆိုရင်တော့ Website ရဲ့ Home Page က Get Epic Games ဆိုတဲ့အပြာရောင် Icon ကိုနှိပ်ပြီး Epic Games App ကိုဒေါင်းလုတ်ဆွဲရမှာပါ။ Epic Games ကိုဒေါင်းလုတ်ဆွဲပြီးရင်တော့ Install လုပ်ပြီး Epic Games အကောင့်ဝင်လိုက်ပါ။ ပြီးရင်တော့ Library ထဲမှာရှိတဲ့ ဂိမ်းတွေကို Install လုပ်ပြီး ကစားနိုင်ပါပြီ။


Written by Myo Thant Kyaw

Share

Loading Next Article...
က္က