ဒီနှစ် မွေးနေ့ရှိုးက သူ့အတွက် အရမ်းကိုအရေးကြီးလို့ပါတဲ့။

စိုင်းစိုင်းခမ်းလှိုင်က Birthday Show အကြောင်း ပရိသတ်တွေကို ပြောပြရင်း စိတ်လှုပ်ရှားလို့နေပါတယ်။ ဒီပွဲကြီးမှာ သူ့ရဲ့ ပရိသတ်တွေရော၊ သူ့ရဲ့ သူငယ်ချင်းတွေကိုပါ စုံစုံလင်လင်ရှိစေချင်တယ်လို့ ဆိုပါတယ်။

Photo: Thein Than Oo



စိုင်းစိုင်းခမ်းလှိုင်က၂၀၁၉ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့ Birthday Show ပွဲကြီးကိုတော့ လုပ်ဖြစ်အောင်လုပ်မယ်လို့ ပရိသတ်တွေကို အသိပေးလိုက်ပါပြီ။ ဒီပွဲဟာ သူ့အတွက် အရေးကြီးတဲ့ ပွဲတစ်ပွဲ ဖြစ်လာလိမ့်မယ်လို့လည်း ပြောပြထားပါတယ်။

‘’ ဒီနှစ် Birthday Show ကို လုပ်ဖြစ်အောင် လုပ်ပါမယ်။ ဒီနှစ်က ၁၅ နှစ်ပြည့်ဖြစ်ပါတယ်။ 15 Years Anniversary လုပ်မှာဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့က ကျွန်တော့်အတွက် အင်မတန်အရေးကြီးတဲ့ မွေးနေ့ဖြစ်ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေ အကုန်လုံးကိုလည်း ဖိတ်မယ်။ တစ်စုတစ်စည်းတည်း ရှိနေစေချင်တယ်’’ လို့ ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၈ နာရီ ၄၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ Live လွှင့်ရင်း ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: Sai Sai Page

စိုင်းစိုင်းခမ်းလှိုင်ဟာ Birthday Show လုပ်ခဲ့တဲ့ ၁၅ နှစ်ပြည့် အမှတ်တရအနေနဲ့ သူ့ရဲ့ ပရိသတ်တွေကို တစ်စုတစ်စည်းတည်း တွေ့ဆုံချင်တဲ့ ဆန္ဒတွေကိုလည်း အခုလိုပြောပြလာတာ တွေ့ရပါတယ်။

‘’ ပြီးတော့ ကျွန်တော့် ပရိသတ်တွေအားလုံးကိုလည်း တစ်စုတစ်စည်းတည်း ရှိနေစေချင်တယ်။ ဘယ်နေရာမှာ လုပ်ဖြစ်မလဲဆိုတာ ပြန်ပြီးတော့ ကြေညာပါမယ်။ ဘယ်နေရာမှာပဲ လုပ်ဖြစ်လုပ်ဖြစ် ကျွန်တော် အားလုံးကို လာစေချင်တယ်၊ တခြားမြို့တွေက ပရိသတ်တွေကိုလည်း လာစေချင်တယ်။ ဘာပဲဖြစ်ဖြစ် ဧပြီလ ၁၀ ရက်နေ့လေးကို သိမ်းဆည်းထားပေးပါ။ ကျွန်တော်တို့ ဆုံချင်ပါသေးတယ်။’’ လို့ ဆက်လက်ပြောပြ ထားပါသေးတယ်။

Photo: Sai Sai Page

စိုင်းစိုင်းရဲ့ Birthday Show ကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေက အများကြီးပါ။ လက်ရှိမှာလည်း စိုင်းစိုင်းခမ်းလှိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ကြာတော့သည်လည်း မောင့်စကား’’ ရုပ်ရှင်ဇာတ်ကားကြီးက ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ထွန်းထွန်း၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဖွေးဖွေး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Photo: Amazing Grace

စိုင်းစိုင်းဟာ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်း ဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က