သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက သားဦးလေးကို ဧပြီလထဲမှာ မွေးဖို့ စီစဉ်ထားပါတယ်။ လက်ရှိမှာ ကိုယ်ဝန်(၆)လရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက ပထမဆုံးရင်သွေးလေးအတွက် ရင်ခုန်လို့နေပါတယ်။ လက်ရှိမှာ ကိုယ်ဝန်(၆) လရှိနေပြီဖြစ်တာကြောင့် ဧပြီလထဲမှာ ရင်သွေးလေးကို မွေးဖို့အတွက် ပြင်ဆင်ထားတယ်လို့ သူမကဆိုပါတယ်။
“နန်းမြတ်ကိုယ်ဝန်က (၆) လရှိပြီ။ သားလေးပါ။ ဧပြီမှာ မွေးမယ်။ ပထမဆုံး ရင်သေးလေးဆိုတော့ ရင်ခုန်တယ်။ စိတ်လည်းပူတယ်။ အဆင်ပြေပါစေပေ့ါ။ ဒါပေမယ့်လည်း ဆရာဝန်နဲ့ သေချာတိုင်ပင်ထားပါတယ်”ဆိုပြီး နန်းမြတ်ဖြိုးသင်းက Duwun Media သို့ ပြောပြခဲ့တာပါ။
Photo : နန်းမြတ်ဖြိုးသင်း FB
မိခင်ဘဝရောက်တော့မယ့် မိခင်မေတ္တာကို နားလည်လာတာပါလို့ သူမက ဆက်လက်ပြောပြခဲ့ပါသေးတယ်။
“အမေဖြစ်မှ မိခင်မေတ္တာကို နားလည်တာ အရင်တုန်းကတော့ သူများပြောတော့ ပြောစကားပေ့ါ။ ကိုယ်တိုင် ခံစားရတဲ့ ခံစးားချက်က ဘာနဲ့မှမတူဘူး။ အရမ်းကို လေးနက်ပါတယ် မိခင်မေတ္တာဆိုတာ။” ဆိုပြီး သူမက ဇန်နဝါရီ(၁) ရက်နေ့ ပြုလုပ်ခဲ့တဲ့ ပိုင်ဖြိုးသုရဲ့ မင်္ဂလာပွဲမှာ ဖြေဆိုပေးခဲ့တာပါ။
Photo : နန်းမြတ်ဖြိုးသင်း FB
လက်ရှိမှာတော့ နန်းမြတ်က အနုပညာအလုပ်တွေ ရပ်နားထားပြီး ဖိတ်ကြားထားတဲ့ ပွဲတွေလောက်သာ တက်ဖြစ်နေတယ်လို့ သိရပါတယ်။ သူမအနေနဲ့ အနုပညာအလုပ်တွေကိုလည်း သားလေး မွေးပြီးနောက်ပိုင်းမှာ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လိုု့ ပြောခဲ့ပါသေးတယ်။
Photo : နန်းမြတ်ဖြိုးသင်း FB
ကိုတာတာမျိုးနဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ရဲ့ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ၂၆ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီနောက် မင်္ဂလာညစာစားပွဲကို ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇)ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့တာပါ။