ကစားသမားနဲ့ အသင်းဝန်ထမ်းတွေကို စစ်ဆေးခဲ့တာဖြစ်ပြီး စုစုပေါင်း ၁၆၀၅ ဦး ပါဝင်ခဲ့ကာ ၃ဦး ကူးစက်ခံခဲ့ရကြောင်း ပရီးမီးယားလိဂ်က ထုတ်ပြန်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ဖို့နီးကပ်လာချိန်မှာ ကိုရိုနာဗို်င်းရပ်စ်ဆေးစစ်မှုတွေကို ပထမအကြိမ်ပြုလုပ်ခဲ့ပါတယ်။ ကစားသမားနဲ့ အသင်းဝန်ထမ်းတွေကို စစ်ဆေးခဲ့တာဖြစ်ပြီး စုစုပေါင်း ၁၆၀၅ ဦး ပါဝင်ခဲ့ကာ ၃ဦး ကူးစက်ခံခဲ့ရကြောင်း ပရီးမီးယားလိဂ်က ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ၃ ဦးထဲမှာ မန်စီးတီးကစားသမားတွေဖြစ်တဲ့ လာပေါ့တ် နဲ့ မာရက်ဇ်တို့ ပါဝင်ခဲ့တယ်လို့သိရပြီး မန်စီးတီးကလည်း အတည်ပြုသတင်းထုတ်ပြန်ခဲ့ပါတယ်။
ကူးစက်ခံရသူတွေအနေနဲ့ ၁၀ ရက်ကြာ သီးသန့်နေထိုင်သွားရမှာဖြစ်ပြီး အဖွဲ့ချုပ်ကတော့ ကလပ်တွေနဲ့ တစ်ဦးချင်းစီရဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြပေးမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့ကနေ စက်တင်ဘာလ ၆ ရက်အတွင်း စစ်ဆေးခဲ့တာ ဖြစ်ပြီးတော့ နောက်ထပ်စစ်ဆေးမှုတွေကို ထပ်မံပြုလုပ်နေပြီလို့ သိရကာ ရလဒ်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
ပထမအသင်းကြီးရဲ့ ကစားသမားတွေ ကူးစက်ခံထားလို့ အနည်းငယ်တော့ စိုးရိမ်စရာကောင်းနေပြီး ဂွာဒီယိုလာမရှိချိနမှာ လက်ထောက်နည်းပြဟွမ်မန်နူရယ်လီလိုက အသင်းကိုပြင်ဆင်မှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ကမ္ဘာကျော်ကစားသမားအများအပြား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုတွေရှိနေခဲ့ပြီး ယူနိုက်တက်ကွင်းလယ်လူပေါ့ဂ်ဘာ၊ ပီအက်စ်ဂျီကစားသမားတွေဖြစ်တဲ့ နေမာ၊ ဒီမာရီယာ၊ ပရီဒက်စ် နဲ့ ဘတ်ပီ၊ ဘာစီလိုနာကွင်းလယ်လူပီယာနစ်တို့လည်း ကူးစက်ခံထားရပါတယ်။