အန်ဆယ်လော့တီရဲ့ ပစ်မှတ်ထဲမှာ ရှိနေပြီလို့ ဆိုပါတယ်။

စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ ဒီနွေရာသီမှာ အသင်းတိုက်စစ်ပိုင်းကို ဖြည့်တင်းချင်နေတဲ့ ရီးရဲလ်မက်ဒရစ်နည်းပြအန်ဆယ်လော့တီရဲ့ စောင့်ကြည့်ခံရတဲ့ ကစားသမားစာရင်းထဲမှာ ပါဝင်နေတယ်လို့ Football 365 က ဖော်ပြလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အံ့အားသင့်ဖွယ်ရာခြေစွမ်းတွေ ပြသခဲ့တဲ့ တောင်ကိုရီးယားသားကို ကမ္ဘာ့အခမ်းနားအကြီးကျယ်ဆုံးအသင်းက စိတ်ဝင်စားမှုတွေ ပြလာခဲ့တာလည်းဖြစ်ပါတယ်။ 

လက်ရှိမှာ စျေးကွက်တန်ဖိုး ပေါင် ၆၇.၅ သန်းအထိ ဆွန်ဟောင်မင်က ရှိနေပြီး စပါးအတွက် သူက ၁၃၁ ဂိုးနဲ့ ၇၃ ကြိမ်ဖန်တီးပေးထားပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ပင်နယ်တီလုံး၀မပါဝင်ဘဲ သွင်းဂိုး ၂၃ ဂိုးအထိ ရယူပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဆွန်ဟောင်မင်က ဆွတ်ခူးခဲ့ပြီးနောက်မှာ ရီးရဲလ်မက်ဒရစ်ဘက်က အခုလိုမျိုး စိတ်ဝင်စားလာဟန်ရှိနေပါတယ်။ 

ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် တနှစ်တာအကောင်းဆုံးကစားသမားဆု၊ တနှစ်တာအကောင်းဆုံးအသင်းတွေမှာ ပါဝင်ခွင်မရခဲ့တဲ့အပေါ် ဆွန်ဟောင်မင်တယောက် စိတ်ပျက်နေခဲ့ရတာပါ။ ဒီအချိန်မှာပဲ ရီးရဲလ်က ဂါရတ်ဘေးလ်၊ အစ္စကိုတို့ ထွက်ခွာသွားပြီး အဆန်စီယိုကိုလည်း ရောင်းထုတ်ဖို့အတွက် ပြင်ဆင်နေတာကြောင့် တိုက်စစ်ပိုင်းအတွက် အင်အားပြန်လည်ဖြည့်တင်းဖို့ လိုအပ်လာခဲ့ပါတယ်။ 

ဒီအတွက်ကြောင့် ဆွန်ဟောင်မင်ကို ခေါ်ယူဖို့ သူတို့ရဲ့ ပစ်မှတ်ကစားသမားစာရင်းထဲကို ထည့်သွင်းခဲ့တာဖစြ်ပါတယ်။ အီတလီဂျာနယ်လစ်တဦးဖြစ်တဲ့ Rudy Galetti ကလည်း ဆွန်က မက်ဒရစ်ရဲ့ စောင့်ကြည့်စာရင်းထဲမှာ ပါဝင်နေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ရီးရဲလ်ပစ်မှတ်ထားနေတဲ့ ကစားသမားတွေအများကြီးရှိနေပြီး ဆွန်ဟောင်မင်က ထိပ်ပိုင်းနားခပ်ကျကျမှာရှိနေတယ်လို့လည်း ဆိုပါတယ်။ 

စပါးကတော့ သူတို့ရဲ့အဓိကကစားသမားကို လက်လွှတ်ခံမှာမဟုတ်ပေမယ့် ရီးရဲလ်က အမှန်တကယ်ကမ်းလှမ်းလာခဲ့ရင် ကစားသမားဘက်က ငြင်းဆန်နိုင်ဖွယ်ရာမရှိဘူးလို့လည်း သုံးသပ်ရပါတယ်။ ရီးရဲလ်ဟာ စပါးကစားသမားတွေဖြစ်တဲ့ ဘေးလ်၊ မိုဒရစ်တို့ကို ခေါ်ယူနိုင်ခဲ့ဖူးပြီး အသင်းမှာလည်း အဆိုပါကစားသမားတွေအောင်မြင်မှုရခဲ့တာတွေက ဆွန်အတွက်တော့ စဉ်းစားဖွယ်ရာဖြစ်နေမှာ သေချာပါတယ်။ 

Share

Loading Next Article...
က္က