ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ခဲ့ပြီး ဒဏ်ရာရအောင် ရည်ရွယ်ခဲ့တာလို့ စွပ်စွဲခံနေရပါတယ်။

မန်စီးတီးနဲ့ စပိန်ကွင်းလယ်လူ ရိုဒရီကတော့ နော်ဝေနဲ့ပွဲမှာ အာဆင်နယ်ကွင်းလယ်လူမာတင်အိုဒီဂတ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ လူချကစားခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။ စပိန်က ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရိုခြေစစ်ပွဲမှာ ဖြစ်ပျက်ခဲ့ပြီး ဒါဟာ အာဆင်နယ်အတွက် ခြေစွမ်းပြနေကာ ပရီးမီးယားလိဂ်ဖလားရယူနိုင်ဖို့ အသင်းကို ဦးဆောင်ပေးနေတဲ့ အိုဒီဂတ်ကို ရိုဒရီက တမင်လုပ်တာလို့ ပရိသတ်တွေက ယူဆနေပါတယ်။ 

မန်စီးတီးနဲ့ အာဆင်နယ်က အမှတ်ပေးဖလားအတွက် အကြိတ်အနယ်ဖြစ်နေပြီး အာဆင်နယ်ကို အမီလိုက်ဖို့ မန်စီးတီးက အားထုတ်နေရပါတယ်။ အာဆင်နယ်အတွက်သာ အိုဒီဂတ်မကစားပေးနိုင်ဘူးဆိုရင် ကွင်းလယ်ပိုင်းအားနည်းချက်ရှိလာမှာဖြစ်ပြီး ရလဒ်ပိုင်းယိမ်းယိုင်ခဲ့မယ်ဆိုရင် မန်စီးတီးအတွက် အခွင့်အရေးရမှာလည်းဖြစ်ပါတယ်။ 



စပိန်ပင်နယ်တီဧရိယာအတွင်းမှာ အိုဒီဂတ်က ဘောလုံးရထားပြီး ကန်သွင်းဖို့ အခွင့်အရေးရခဲ့ပါတယ်။ ဒါပမေယ့်လည်း ရိုဒရီက ခုန်ပျံဝင်လာပြီးတော့ ဖျက်ထုတ်ခဲ့ရာမှာ ဘောလုံးကိုမထိခဲ့ဘ​ဲ မာတင်ဂတ်ခြေထောက်ကို သွားထိခဲ့ပါတယ်။ ဒီဖျက်ထုတ်မှုအတွက် ကွင်းလယ်ဒိုင်က ပင်နယ်တီမပေးခဲ့သလို အိုဒီဂတ်လည်း ကံကောင်းလို့သာ ဒဏ်ရာဖြစ်မယ့်အရေးက ကင်းဝေးခဲ့တာပါ။ 

ဒါကြောင့်လည်း ပွဲအပြီးမှာ အိုဒီဂတ်က ဒီဖျက်ထုတ်မှုကနေ ပင်နယ်တီရခဲ့သင့်တယ်လို့ ပြောဆိုခဲ့သလို နော်ဝေနည်းပြကလည်း ရှင်းလင်းတဲ့ ပင်နယ်တီသာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ရိုဒရီရဲ့ ဖျက်ထုတ်မှုကြောင့် အိုဒီဂတ်ဟာ လေထဲအနည်းငယ်မြောက်တက်ခဲ့ပြီးတော့မှ ပြန်ပြုတ်ကျခဲ့တာလည်းဖြစ်ပါတယ်။ 

အိုဒီဂတ်က "ဒါ ပင်နယ်တီဆိုတာ သေချာပါတယ်၊ သူက ကျနော့်ဆီ ပြေးဝင်လာခဲ့ပီး သူ့ဘားဖိနပ်က ကျနော့်ခြေကျင်းဝတ်ကို ထိခဲ့တာပါ၊ ထပ်ပြောခွင့်ရှိမယ်ဆိုရင် ဒါက ပင်နယ်တီပါပဲ။ ကွင်းလယ်ဒိုင်နဲ့ပတ်သက်ပြီးတော့ နောက်ထပ်ဘာမှမပြောချင်တော့ပါဘူး၊ ဘာမှမပြောတာက ပိုကောင်းပါတယ်" လို့ ပြောသွားခဲ့ပါတယ်။ 


Share

Loading Next Article...
က္က