ဘရာဇီး ယူ၂၀ လက်ရွေးစင်အဖြစ် ၁၀ ပွဲကစားဖူးပြီး ၃ ဂိုးသွင်းယူထားခဲ့ဖူးပါတယ်။

အမေရိကန်၊အယ်ဆာဗေးဒိုးအသင်းတို့နဲ့ ကစားမယ့် ခြေစမ်းပွဲစဉ်အတွက် ဘရာဇီးအသင်းက ပထမဆုံးအကြိမ်ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

Photo - Hitc.com

 

အဲဗာတန်အသင်းနဲ့အတူ ခြေစွမ်းပြ ဂိုးတွေ သွင်းနေတဲ့ အသက် ၂၁ နှစ်အရွယ် ရစ်ချာလီဆန်ကတော့ အရွယ်နဲ့ မလိုက်တဲ့ ခြေစွမ်းတွေကြောင့် လည်း အများရဲ့ စောင့်ကြည့်ခြင်းကို ခံထားရသူ ဖြစ်ပါတယ်။

(၂၆)နှစ်အတွင်း အဆိုးဝါးဆုံး ရာသီအစနဲ့ ကြုံတွေ့နေရတဲ့ မန်ယူ

အခုတော့ ရစ်ချာလီဆန်ရဲ့ ခြေစွမ်းက စင်တော်ပေါ်ကို သွားဖို့ အချိန်တန်ခဲ့လို့ လာပြီ ဖြစ်ပြီး မိခင် ဘရာဇီးလက်ရွေးစင်အသင်းက လာမယ့် ခြေစမ်းပွဲစဉ်တွေအတွက် လူစာရင်းမှာ ထည့်သွင်းလိုက်ပြီလည်း ဖြစ်ပါတယ်။

ဘရာဇီးအသင်းအနေနဲ့ ဖလူမင်နီးစ် ကလပ်အသင်းမှ ပက်ထရိုအစား အစားထိုး ခေါ်ယူခဲ့တာလို့လည်းသိရပြီး လာမယ့် အမေရိကန်၊ အယ်ဆာဗေးဒိုးနိုင်ငံတွေနဲ့ ခြေစမ်းပွဲအတွက်လို့သိရပါတယ်။

Photo - Daily Mail

 

ရစ်ချာလီဆန်မှာ ဒီနှစ်မှာမှ ဝက်ဖို့ဒ်အသင်းကနေ အဲဗာတန်အသင်းကိုရောက်ရှိလာသူဖြစ်ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ် ၃ ပွဲကစားပြီး ၃ ဂိုး သွင်းထားနိုင်သူလည်း ဖြစ်ပါတယ်။

အဲဗာတန်အသင်းကစားထားတဲ့ ဝုလ်နဲ့ ၂ ဂိုးစီသရေပွဲမှာ ၂ ဂိုး သွင်းယူခဲ့ပြီး ဆောက်သမ်တန်ကို အနိုင်ရခဲ့တဲ့ ပွဲမှာ တစ်ဂိုး သွင်းယူထားတာ လည်းဖြစ်ပါတယ်။

Photo - Watford Observer

 

ရစ်ချာလီဆန်အနေနဲ့ လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ် ခေါ်ယူခြင်းခံရတာ ဖြစ်ပေမယ့်လည်း အသက် ၂၀ အောက်အသင်းအတွက် တော့ ၁၀ ပွဲထိ ပါဝင်ကစားပေးခဲ့ပြီး ၃ဂိုးသွင်းယူထားနိုင်ပါတယ်။

ဒီနှစ်မှာတော့ အဲဗာတန်အသင်းနဲ့အတူ ခြေစွမ်းပြ ဂိုးတွေသွင်းနေတဲ့ ရစ်ချာလီဆန်က ဂိုးသွင်းအများဆုံး ကစားသမားဆုကိုပါ အခြား ကစား တွေကို စိန်ခေါ်သွားမယ်လို့ ကြုံးဝါးထားသူလည်း ဖြစ်ပါတယ်။

Share

က္က