'' ကျွန်မ'' သီချင်းပိုင်ရှင်လေးဖြစ်ပါတယ်။

''ကျွန်မ'' သီချင်းပိုင်ရှင်လေး ကေကေမိုးက ၂၀၁၈ ခုနှစ်အတွင်း ရေပန်းအစားဆုံး အမျိုးသမီးတေးသံရှင်သစ်ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

City FM Radio Station ရဲ့ 17 နှစ်ပြည့် Annual Music Award Show ပွဲကြီးမှာ ၂၀၁၈ ခုနှစ်အတွင်း ရေပန်းအစားဆုံး အမျိုးသမီးတေးသံရှင်သစ် ဆုကိုတော့ ''ကျွန်မ'' သီချင်း ပိုင်ရှင် ကေကေမိုးက ရရှိပိုင်ဆိုင်သွားတာဖြစ်ပါတယ်။

'' ကေကေ့ကို အနုပညာအလုပ်တွေကို လုပ်ခွင့်ပေးတဲ့ မိဘနှစ်ပါးကို ကန်တော့ပါတယ်။ ကျွန်မ အခွေလေးဖြစ်လာဖို့ကို ကူညီခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေကို ကျေးဇူးတင်ပါတယ်။ ပရိသတ် တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ ခွန်အားလည်း ဖြစ်ပါတယ်။ အခုလို ဆုရဖို့ဆိုတာ အိပ်မက် တစ်ခုလိုပါပဲ'' လို့ သူမရဲ့ ခံစားချက်တွေကို ပြောပြလာပါတယ်။

ကေကေမိုးရဲ့ တေးသီချင်းဟာ လူငယ် အမျိုးသမီးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလို့နေပါတယ်။ သီချင်းလေးရဲ့ သံစဉ်ကလည်း အချစ်သီချင်း ချိုချိုလေး တစ်ပုဒ်ဖြစ်ပြီး ခံစားမှုအပြည့်နဲ့ သီဆိုလို့ အကောင်းဆုံး သီချင်းလေး တစ်ပုဒ်ပါ။

City FM Radio Station ရဲ့ 17 နှစ်ပြည့် Annual Music Award Show ကြီး ကို ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီ ကစပြီး  ရန်ကုန် မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမမှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီပွဲကြီးကို တက်ရောက်လာတဲ့ အနုပညာရှင်တွေကလည်း အများကြီးပါ။ ဘယ်အဆိုတော်က ဘာဆုရမလဲဆိုတာကိုလည်း စိတ်လှုပ်ရှားပြီး စောင့်ကြည့်နေကြတဲ့ ပွဲကြီးတစ်ပွဲ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က