ကွန်ပျူတာတက္ကသိုလ် -  ဘားအံ က ကျောင်းဆရာတစ်ဦးက ရေပြန်ကျကြောင်းရေးခဲ့တာပါ။

ကွန်ပျူတာတက္ကသိုလ် (ဘားအံ) က နည်းပြတစ်ဦးက ရေကျလို့ ကျောင်းပြန်တက်ဖို့အတွက် ကျောင်းရဲ့ page မှာရေးသားခဲ့တာကို ကျောင်းသားသမဂ္ဂက ကန့်ကွက်တယ်ဆိုပြီး သြဂုတ်လ ၂၂ ရက်နေ့ကသတင်းထုတ်ပြန် လိုက်ပါတယ်



Photo - Nay Win Win Facebook

ဘားအံကွန်ပျူတာတက္ကသိုလ်မှာ မြစ်ရေကြီးလို့ ရေဝင်တာကြောင့် စာသင်ခန်းတွေထဲရေဝင်လို့ သမဂ္ဂကနေ အဆင်မပြေမှုတွေဖြစ်ပြီး ပိတ်မိမှာစိုးတာကြောင့် နေရပ်ပြန်ဖို့ အတွက် ကျောင်းသားသမဂ္ဂ Page ကနေသြဂုတ်လ ၂၁ ရက်နေ့ကနေ ထုတ်ပြန်ထားတာပါ။

ဒီလိုရေးသားတာက ကျောင်းရဲ့ စာမျက်နှာကနေရေးသားတာကြောင့် ကျောင်းသားသမဂ္ဂက ထုတ်ပြန်တယ်ဆိုပြီတော့လည်း ပြောပါတယ်။ ကျောင်းသားသမဂ္ဂကနေ နောက်နောင်မှာ ဒီလို ကျောင်းသားနဲ့ သမဂ္ဂအကြားမှာ အထင်လွဲစေပြီး ယုံကြည်မှုကင်းမဲ့စေတဲ့လုပ်ရပ်တွေရှိလာရင် ဖြစ်ပေါ်လာတဲ့ကိစ္စတွေကို လုံးဝတာဝန်ယူသွားမှာမဟုတ်ဘဲနဲ့ ပြင်းပြင်းထန်ထန်တုန့်ပြန်သွားမယ်လို့ ကြေငြာထားတာပါ။

တက္ကသိုလ်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ Nay Won Win အမည်နဲ့ Page ရဲ့ Admin က “ရေကျနေပြီ။ စာသင်ချင်တဲ့ သူများ စာလာသင်လို့ ရပြီ” လို့ ရေးသားခဲ့ပါတယ်။

“ဒီမှာက ပိတ်ရက်ဖွင့်ရက်ရှိတယ်လေ။ ဒီမှာက ရေကလည်းတက်နေတော့ ကလေးတွေကလည်းပြန်ချင်တော့ အိမ်ပြချင်ပြန်ကြဆိုတော့ ကျောင်းမပိတ်ပေမယ့် ပြန်ချင်ပြန်ကြဆိုတော့သူတို့သမဂ္ဂအချင်းချင်းက ပြောလိုက်တာပေါ့။ ရေးလိုက်တာက ဆရာပါ။ ဆရာက ကျွန်တော်ပြောလိုက်တာမသိတော့ နောက်ရက်မှာ ရေကျသွားပြီး။ ကျောင်းတက်လို့ ရပြီဆိုတာပြောလိုက်တာ အချင်းချင်းကွဲနေတယ်ဆိုပြီး သဘောထားလွဲတာပါ။ ကျွန်တော်လည်း ခေါ်ဆူထားပါတယ်။ ကိုယ့်ဆရာကိုကိုယ် အဲ့လိုမရေးဖို့အတွက်ကိုလေ။ သူတို့လည်း မှားတယ်ဆိုပေမယ့်လို့ သမဂ္ဂကလည်း အခုမှ ဖွဲ့တဲ့အတွက် လမ်းလျှောက်တက်စကလေးလိုပဲ ။လဲတာတို့ ၊တိုက်တာတို့ဖြစ်မှာပဲ။ ဖြစ်တော့ လဲလို့ အပြစ်တင်ပါဘူး။ နောက်မလဲအောင် ငါတို့ကူညီမယ် ။ကြိုးစားလျှောက်ကြမယ်လို့တော့ ပြောထားပါတယ်။” ကွန်ပျူတာတက္ကသိုလ် -  ဘားအံ က ကျောင်းအုပ် ဦးငြိမ်းအေးက ပြောပါတယ်။

အဲ့လိုရေးသားတာက ကျောင်းသားသမဂ္ဂရဲ့ ကနဦးထုတ်ပြန်ထားတဲ့အပေါ်ကိုယုံကြည်မှုကင်းမဲ့သွားစေနိုင်တယ်လို့ လည်း ကျောင်းသား သမဂ္ဂက ပြောပါတယ်။

“ကျောင်းသားသမဂ္ဂ စာမျက်နှာမှာ ကျောင်းသားတွေပိတ်မိမှာစိုးလို့ ထုတ်ပြန်လိုက်တာ။ ရေးတာကို ကျွန်တော်တို့ သဘောထားနဲ့ရေးတာမဟုတ်ဘဲ စီမံအုပ်ချုပ်နဲ့တိုင်ပင်ပြီးပိတ်တာအိမ် ပြန်ရောက်နေတဲ့ကျောင်းသားတွေမှာ ၇၅ ရာခိုင်နှုန်းမပြည့်တာတွေရှိတယ်။ သူတို့တွေက စိတ်ပူပြီး ကမန်းကတန်းပြန်လာကြတာမျိုးရှိတယ်။ ဒါပေမယ့် သူတင်တာက ကျောင်းစီမံရဲ့ သဘောထားမပါဘဲ သူ့ဘာသူတင်လိုက်တာ။ သူ့အာဘော်နဲ့ တင်ရင်ဘာမှမဖြစ်ပေမယ့် ကျောင်းရဲ့ ဖေ့စ်ဘုတ် မှာတင်လို့ ထုတ်ပြန်တာပါ။” လို့ ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဌ ကိုအံ့မိုးနိုင်က Duwun ကို ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က