Goft ရိုက်ဖို့ အတွက် တကယ်ကို အသုံးဝင်မှာပါ။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ GOLF set လက်ဆောင်လေးကြောင့် ခင်လှိုင်တစ်ယောက် အပျော်ကြီးပျော်နေတာကို တွေ့ရပါတယ်။ အနု ပညာ ညီအစ်ကိုတွေဖြစ်ပြီး တရင်းတနှီးရှိလှတာကြောင့်လည်း သူတို့ရဲ့ ဆက်ဆံရေးက အရမ်းကို ပျေုာ်စရာကောင်းပါတယ်။ 



 

သရုပ်ဆောင်ပြေတီဦးနဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်တို့ရဲ့GOLF set လက်ဆောင်လေးကြောင့် ခင်လှိုင်ကတော့ အရမ်းကို ပျော်ရွှင်နေပါ တယ်။ စိတ်တွေညစ်နေတဲ့ အချိန်မှာ ဖုန်းဆက်ပြီး စိတ်ပျော်ရွှင်အောင်လုပ်ပေးခဲ့တဲ့ ပြေတီဦးတို့ ဇနီးမောင်နှံကို ကျေးဇူးတင်ကြောင်း အခုလို ရေးသားထားတာ တွေ့ရပါတယ်။

'' ကျေးဇူးအထူးတင်ပါတယ်ချစ်ညီလေး တီတီနှင့်ချစ်ညီမလေး အူဝဲရေ ဒီနေ့စိတ်ထဲအလိုမကြတာတွေများလွန်းလို့ စိတ်တွေရှုပ်နေ တဲ့အချိန် မှာ ချစ်ညီလေးတီတီ ဖုန်းဆက်ပြီးအိမ်လာခဲ့ပါလား။ကိုကြီးရေဆိုပြီးလှမ်းခေါ်လို့သွားတာအိမ်ရောက်တော့ကျွန်တော်အတွက် GOLF set လက် ဆောင် ပေးတာဗျာ။ ကျွန်တော်ပျော်လွန်းလို့ စိတ်ညစ်တာတွေအကုန်ပျောက် ရော စေတနာကောင်းတဲ့ချစ်ညီလေး ထာဝရ အောင်မြင် ပျော် ရွှင်သောမိသားစုဘဝကိုပိုင်ဆိုင်နိုင်ပါစေ'' ဆိုပြီးတော့ သြဂုတ်လ ၂၄ ရက်နေ့ ည၁၀နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။

 

ပြေတီဦးနဲ့ ခင်လှိုင်တို့ အနုပညာညီအစ်ကို နှစ်ယောက်ဟာ အနုပညာသက်တမ်းလည်း ကြာပြီဖြစ်သလို တစ်ယောက်နဲ့ တစ်ယောက်ကလည်း ကာရိုက်တာတိုင်းကို အချိတ်အဆက်မိမိ အတူတွဲ သရုပ်ဆောင်နိုင်ခဲ့သူတွေဖြစ်ပါတယ်။ အလှူအတန်းပြုလုပ်တဲ့ နေရာမှာလည်း သူတို့ နှစ်ဦး ရဲ့ စိတ်ဓာတ်လေးတွေက အရမ်းကို ကောင်းပါတယ်။

မိသားစုနဲ့ ပျော်ပျော်ပါးပါးပြုလုပ်ခဲ့တဲ့ ပြေဓီရရဲ့ မွေးနေ့ပွဲ

သူတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကလည်း အများကြီးပါ။ အဲ့ဒီအထဲမှာမှ စိန်ယောက်မ ရုပ်ရှင် ဇာတ်ကား၊ ငါက ဗိုလ်အောင်ဒင် ရုပ်ရှင် ဇာတ်ကား တို့ဟာလည်း ပရိသတ်အားပေးမှုအများဆုံးအဖြစ် ၂၀၁၇ ခုနှစ်အတွင်းက ဝင်ငွေ စံချိန် တင်ခဲ့ပါသေးတယ်။

 

မကြာခင်မှာလည်း ပြေတီဦးနဲ့ ခင်လှိုင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရိုက်စား ရုပ်ရှင်ဇာတ်ကားကြီးကလည်း ရုံတင်ပြသတော့မှာပါ။ ဒီ ဇာတ်ကားကို ဒါရိုက်တာ မိုက်တီးက ရိုက်ကူးပြီး  ပြေတီဦး၊ ခင်လှိုင်၊ မိုးဒီ၊ ဗေလုဝ၊  စိုးမြတ်သူဇာ ၊ Libby Jennings (အင်္ဂလန်မင်းသမီး) နဲ့ သရုပ်ဆောင် များစွာပါဝင် သရုပ်ဆောင်ထားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က