ဆရာနီကိုရဲရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာပါ။

စာရေးဆရာနီကိုရဲရဲ့ “ကြည်ပြာရောင်နဂ္ဂတစ်များ” ဆိုတဲ့ စာအုပ်ကို ဒါရိုက်တာကျော်ဇောလင်းက ပြန်လည်ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး ပြေတီဦး၊ဝတ်မှုံရွှေရည်တို့က အတွဲညီညီပါဝင်သရုပ်ဆောင်ထားကြပါတယ် ။

ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးထားတဲ့”အဓိပတိလမ်းကနဂ္ဂတစ်များ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးက မကြာခင် ရုံတင်ပြသတော့မှာပါ။ စာရေးဆရာနီကိုရဲရဲ့ “ကြည်ပြာရောင်နဂ္ဂတစ်များ” ဆိုတဲ့ စာအုပ်ကို ဒါရိုက်တာေ ကျာ်ဇောလင်းက ပြန်လည်ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ထပ်ဆင့်အကယ်ဒမီတွေဖြစ်ကြတဲ့ ပြေတီဦးနဲ့ ဝတ်မှုံရွှေရည်ရဲ့ အတွဲညီညီပါဝင်သရုပ်ဆောင်ထားကြသလို ဇာတ်ပို့၊ဇာတ်ရံတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်လေး ကျောင်းသားဘဝကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကို ပြန်ကြည့်ရင်း ကျောင်းသားဘဝကို လွမ်းဆွတ်သတိရမိစေမှာ အမှန်ပါ။


ဆရာနီကိုရဲရဲ့ ဒီဝတ္ထုလေးကို တစ်ချိန်က ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က “ကြည်ပြာရောင်နဂ္ဂတစ်များ” ဆိုတဲ့ နာမည်အတိုင်း သရုပ်ဆောင် လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်တို့နဲ့ ပုံဖော်ရိုက်ကူးဖူးခဲ့ပါသေးတယ်။ အဲ့ဒီအချိန်တုန်းကလည်း ပရိသတ်တွေကြားထဲမှာ အရမ်းကို အောင်မြင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါသေးတယ်။

Press show ကို ဇနီးနဲ့အတူ တက်ရောက်လာတဲ့ ပုံရိပ်လေး

အောင်မြင်ထားတဲ့ ဇာတ်ကားတစ်ကားကို ပြန်လည်ပုံဖော်တဲ့အခါမှာ ကိုလွင်မိုးကို မမီပေမယ့် အကောင်းဆုံး ဖြစ်အောင် ကြိုးစားထားတယ်လို့ ပြေတီဦးက ဆိုပါတယ်။

“ဒီကားမှာ ကိုလွင်မိုးတို့ရိုက်ထားတုန်းကလည်း အရမ်းအောင်မြင်တယ်။ ကျွန်တော်အနေနဲ့ ကိုလွင်မိုးလိုတော့ ကောင်းမှာမဟုတ်ဘူး။ကိုလွင်မိုးကိုတော့ မီမှာမဟုတ်ဘူး။ ဒါပေမဲ့ အတက်နိုင်ဆုံးတော့ ကိုယ်တက်သလောက် လုပ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင်သရုပ်ဆောင်ထားတယ်။ ဒီဇာတ်ကားကို လက်ခံဖြစ်တာကလည်း ကိုယ်အရမ်းကြိုက်တဲ့ ဇာတ်ဖြစ်တယ်။သရုပ်ဆောင်လည်း သရုပ်ဆောင်ချင်တယ်လေ”ဆိုပြီး ဇန်နဝါရီ(၂၁) ရက်နေ့က ပြုလုပ်တဲ့ “အဓိပတိလမ်းကနဂ္ဂတစ်များ” အထူးပြသပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။


“အဓိပတိလမ်းကနဂ္ဂတစ်များ” ရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီ(၂၅) ရက်နေ့ကစပြီး မြန်မာနိုင်ငံရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒါရိုက်တာ ကျော်ဇောလင်းရဲ့ ရိုက်ချက်တွေနဲ့အတူ ပြေတီဦး၊ ဝတ်မှုံရွှေရည်၊ ရဲအောင်၊ ယွန်းရွှေရည်၊ အိအိတုံ၊ဇင်မျိုး၊ ရဲလေးမ တို့အပြင် အခြားသော အနုပညာရှင်တွေများစွာက ပါဝင်ထားတာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က