ဂျာမန်ကမ္ဘာလှည့်ခရီးသည်တွေ ဖြစ်ပါတယ်။

ဂျာမန် ကမ္ဘာလှည့်ခရီးသည်တွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး ပေါ်တူဂီနိုင်ငံ မက်ဒီရာ (Madeira) ကျွန်းမှာ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ကြောင့် လူ ၂၉ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

(Photo: Getty Images)

ပေါ်တူဂီ ဒေသစံတော်ချိန် ဧပြီ ၁၇ ရက် ညနေ ၆ နာရီခွဲမှာ ဖြစ်ပွားခဲတဲ့ အဆိုပါ ဘတ်စ်ကား မတော်တဆမှုအတွင်း နောက်ထပ် လူ ၂၇ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ မက်ဒီရာကျွန်းရှိ Canico မြို့ငယ်အနီးရှိ လမ်းဆုံတစ်ခုအရောက်မှာ ယာဉ်မောင်းက ဘတ်စ်ကားကို မထိန်းနိုင်တော့ဘဲ လမ်းဘေးထိုးကျသွားခဲ့တယ်လို့ သတင်းတွေက ပြောပါတယ်။



ပေါ်တူဂီ မီဒီယာတွေမှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေအရ နေအိမ်များအနီး လမ်းဘေးမှာ ထိုးကျတိမ်းမှောက်နေတဲ့ ဘတ်စ်ကားကို တွေ့ခဲ့ရပါတယ်။ "ဘာဖြစ်သွားတယ်ဆိုတာ ရှင်းပြဖို့စကားလုံး မရှိပါဘူး၊ ဒီလူတွေ နာကျင်ခံစားနေရတာကို မကြည့်နိုင်ခဲ့ဘူး" လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Filipe Sousa က SIC TV သတင်းဌာနကို ပြောခဲ့ပါတယ်။

(Photo: AFP)

လမ်းဘေးထိုးကျပြီး တိမ်းမှောက်ခဲ့တဲ့ ဘတ်စ်ကားပေါ်မှ ခရီးသည်အားလုံးဟာ ဂျာမန်တွေဖြစ်ကြတယ်လို့လည်း ၎င်းကဆိုပါတယ်။ သေဆုံးခဲ့သူတွေဟာ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၁၇ ဦးဖြစ်ကြောင်း Filipe Sousa က ဆက်လက် ပြောခဲ့ပါတယ်။

လမ်းဘေးထိုးကျခဲ့တဲ့ ဘတ်စ်ကားပေါ်မှာ လူ ၅၅ ဦး လိုက်ပါလာခဲ့ကြောင်းနဲ့ မတာ်တဆမှုအတွင်း ဒဏ်ရာရခဲ့သူတွေကို မက်ဒီရာကျွန်းမြို့တော် Funchal ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းလည်း သိရပါတယ်။ ဘတ်စ်ကား မတော်တဆမှု ဖြစ်ပွားရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီလို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

(Photo: Rui Silva/AFP/Getty Images)

ဘတ်စ်ကား မတော်တဆမှုဖြစ်ပြီးနောက် ပေါ်တူဂီသမ္မတ Marcelo Rebelo de Sousa ကိုယ်တိုင် မက်ဒီရာကျွန်းကိုသွားပြီး အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်အတွင်းကလည်း မက်ဒီရာကျွန်း မြောက်ဘက်ကမ်းရိုးတန်းရှိ São Vicente ဒေသမှာ ဘတ်စ်ကား မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ရာ အီတလီ ကမ္ဘာလှည့်ခရီးသည် ၅ ဦး သေဆုံးခဲ့ဖူးကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က