ဇန်နဝါရီလ ၂၅ ရက်နေ့ မှာ ပြည့်တာဖြစ်ပါတယ်။

အဆိုတော် ဇော်ပိုင်နဲ့ မမီမီနေမင်းဝင်းတို့ရဲ့ သားလေး ရွှေပိုင်ရဲ့ အသက် ၇ နှစ်ပြည့် မွေးနေ့အလှူကို အပြည်ပြည်ဆိုင်ရာ ထေရဝါရ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုတော် ဇော်ပိုင်နဲ့ မမီမီနေမင်းဝင်းတို့ရဲ့ တစ်ဦးတည်းသော သားလေး ရွှေပိုင်က ဇန်နဝါရီလ ၂၅ ရက်နေ့မှာ အသက် ၇ နှစ်ပြည့်ပြီဖြစ်ပါတယ်။ မွေးနေ့အလှူအဖြစ် အပြည်ပြည်ဆိုင်ရာ ထေရဝါရ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဂီတအသိုင်းအဝိုင်းမှ အပေါင်းအသင်းတွေကလည်း တက်ရောက်ခဲ့ကြပါတယ်။

အပြည်ပြည်ဆိုင်ရာ ထေရဝါရ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှာ မနက် ၉ နာရီ ကနေ ၁၀ နာရီအထိ ဒေါက်တာနန္ဒာမာလာဘိဝံသ(ပါမောက္ခချုပ်)ဆရာတော် (သ.စ.အ) ဓမ္မာစရိယ၊ ပါဠိပါရဂူ M.A(Ph.D) အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္တဝါစက ၏ တရားတော်ကို နာယူခဲ့ကြပါတယ်. အဲဒီနောက် နေ့လယ် ၁၁ နာရီမှာ သံဃာတော် အပါး ၃၀၀ တို့ကို ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။

ရွှေပိုင်ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူဟာ ငယ်ငယ်လေးကတည်းက ကလေးပစ္စည်းကြော်ငြာတွေကို တစ်ယောက်တည်းဖြစ်စေ၊ မိသားစုနဲ့ အတူဖြစ်စေ ရိုက်ကူးခဲ့ရတာပါ။ ပရိသတ်တွေကလည်း ရွှေပိုင်လေးကို ဒီကြော်ငြာတွေကနေတဆင့် သိရှိလာခဲ့တာဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ တိရစ္ဆာန်လေးတွေရဲ့အကြောင်းကို စိတ်ဝင်တစားရှိလှတဲ့ ရွှေပိုင်လေးက ခရီးထွက်တဲ့နေရာတိုင်း တိရစ္ဆာန်ရုံကို မရောက် ရောက်အောင် သွားတတ်တယ်လို့ ဇော်ပိုင်က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ မိသားစု အားလပ်ရက်တွေမှာလည်း တခြားနေရာတွေထက် တိရစ္ဆာန်ရုံကို အရောက်များတယ်လို့လည်း ဆက်လက်ပြောပြခဲ့ပါတယ်။

ဇော်ပိုင်နဲ့ မမီမီနေမင်းဝင်းတို့ဟာ ချစ်သူသက်တမ်း ၄ နှစ်အကြာမှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး အိမ်ထောင်သက်တမ်းကတော့ အခုဆိုရင် ၁၃ နှစ်ကျော်လို့ ၁၄ နှစ်ထဲကို ရောက်နေပြီဖြစ်ပါတယ်။ အိမ်ထောင်သက် ၇ နှစ်ကြာမှ သားလေး ရွှေပိုင်ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က