အလှမယ် သရုပ်ဆောင် ထားထက်ထက်တစ်ယောက် ဆေးရုံတက်နေရတာ ငါးရက်ရှိပြီလို့ သိရပါတယ်။
Photo : ထားထက်ထက် FB
အလှမယ် သရုပ်ဆောင် ထားထက်ထက်တစ်ယောက် ဆေးရုံတက်နေရတာ ငါးရက်ရှိပြီလို့ သိရပါတယ်။ အဲ့ဒီအကြောင်းကိုလည်း ထားထက်ထက်ရဲ့ ဖေ့စ်ဘွတ်ပေ့ချ် Admin က လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်က ပေ့ချ်မှာ တင်ထားတာပါ။ "ဆေးရုံ တက်နေရတာ ဒီနေ့နဲ့ ဆို 5ရက်ရှိပီဖြစ်တဲ့ မတ်မတ်ထားလေး သနားပါတယ် နေမြန်မြန်ပြန်ကောင်းဖို့ ပန်ကာလေးတွေ ဆုတောင်းပေးလိုက်ပါဦးနော်" ဆိုပြီးဒီနေ့(ဒီဇင်ဘာ၁၂ရက်)က ရေးသားထားတာပါ။
Photo : ထားထက်ထက် FB
သူမဘာဖြစ်လဲဆိုတာကိုတော့ ပရိသတ်တွေကို ပြောပြ မထားပါဘူး။ Duwun Mediaအနေနဲ့ သူမကို ဆက်သွယ်မေးမြန်းဖို့အတွက် ဖုန်းဆက်ကြည့်ရာ သူမရဲ့ ဖုန်းက စက်ပိတ်ထားပါတယ်။ ပရိသတ်တွေကလည်း သူမဘာဖြစ်နေလဲဆိုပြီး စိတ်ပူနေကြပါတယ်။ သူမ ဘာဖြစ်မှန်းမသိကြပေမယ့် ပရိသတ်တွေက အမြန်ဆုံးနေပြန်ကောင်းဖို့အတွက် ဆုတောင်းထားကြတာ တွေ့ရပါတယ်။
Photo : ထားထက်ထက် FB
ထားထက်ထက်ဟာ အလှမယ် တစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားသလို သူမပါဝင်တဲ့ "လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ" ရုပ်ရှင်ဇာတ်ကားကလည်း မကြာခင်ကမှ ရုံတင်ပြသပြီးခဲ့တာပါ။သရုပ်ဆောင်လည်းဖြစ်သလို၊ အလှမယ် တစ်ယောက်လည်း ဖြစ်တဲ့ ထားထက်ထက်ဟာ အားကစားနဲ့ ပတ်သက်ပြီးတော့လည်း ထူးချွန်သူ တစ်ဦးဖြစ်ပါတယ်။
Photo : ထားထက်ထက် FB
သူဟာ အနုပညာအလုပ်တွေ အပြင် ကျွမ်းဘားမယ် တစ်ယောက်လည်း ဖြစ်တာကြောင့် ကျွမ်းဘားနဲ့ ပတ်သက်ပြီး ဇာတ်ကားလည်း ရိုက်ကူးထားတာရှိတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။
'' ကျွမ်းဘား နဲ့ ပတ်သက်ပြီး ရိုက်ထားတဲ့ ဇာတ်ကားလည်း ရှိပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာဆိုရင် အရမ်းကို ရိုးအေးတဲ့ ကောင်မလေး တစ်ယောက်အဖြစ် စပြီးတော့ ထွက်လာတယ်။ နောက်ပိုင်းမှာ ထူးဆန်းတဲ့ ကာရိုက်တာ အက်ရှင်ဇာတ်ကားတွေလည်း ပါလာ ပါလိမ့်မယ်'' လို့ သြဂုတ်လ ၁၁ ရက်နေ့က လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ ရုပ်ရှင်ဇာတ်ကားအထူးပွဲမှာ Duwun Media ကို ပြောပြခဲ့တာဖြစ်ပါတယ်။
ထားထက်ထက်ဟာ ကလေးတွေ အတွက် အားကစားသင်တန်းတစ်ခုဖြစ်တဲ့ ကျွမ်းဘား သင်တန်းလည်း ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
Photo : ထားထက်ထက် FB
ထားထက်ထက်ဟာ Miss Grand Myanmar 2013 ဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ အလှမယ်တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီပြိုင်ပွဲကြီးကနေ တဆင့် အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေကို ဝါရင့် သရုပ် ဆောင်တွေနဲ့ ရိုက်ကူးနေရပြီဖြစ်ပါတယ်။
ထားထက်ထက်ပါဝင်သရုပ်ဆောင်ထားတဲ့ လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ ရုပ်ရှင်ဇာတ်ကားကြီးကလည်း လက်ရှိမှာ ရုံတင်ပြသလျှက်ရှိပါ တယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် လူမင်းရဲ့ တစ်ဦးတည်းသော သမီး၊ အဆိုတော် ယုန်လေးရဲ့ ချစ်သူ အဖြစ် ပါဝင်သရုပ်ဆောင် ထားတာ ဖြစ်ပါတယ်။
Share