၂ သိန်းကျော်တန် Quad Lens သုံး ဖုန်းပါ ထွက်နေပါပြီ

ဖုန်းတစ်လုံးရဲ့ ဈေးနှုန်းဟာ သူ့မှာ သုံးထားတဲ့ specs အနိမ့်အမြင့်ပေါ်လိုက်ပြီး ကွာခြားပြီး ယေဘုယျအားဖြင့် ကင်မရာအရေအတွက် များများသုံးတဲ့ ဖုန်းတွေ ဈေးပိုကြီးလာပါတယ်။

ကမ္ဘာ့ပထမဆုံး ကျောဘက် ကင်မရာ ၄ လုံး သုံးတဲ့ ဖုန်းကတော့ Samsung ကနေ မိတ်ဆက်လိုက်တဲ့ Galaxy A9 (2018) ဖြစ်ပါတယ်။ အခုဆိုရင် Samsung ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းတွေ ဖြစ်တဲ့ Galaxy Note 10/Note 10+ ၊ Galaxy S10 5G ၊ Huawei P30 Pro ၊ Honor 20 Pro စတဲ့ စမတ်ဖုန်းတွေမှာပါ Quad Lens စနစ်ကို သုံးလာပြီ ဖြစ်ပါတယ်။

ဒီဖုန်းတွေကတော့ တန်ဖိုးကြီး ပရီမီယံတန်းဝင်ဖုန်းတွေပါ။ အခုဆို လေးလုံးတွဲ ကင်မရာ သုံးပြီး ဈေးနည်းတဲ့ဖုန်းတွေပါ ထွက်လာပြီ ဖြစ်ပါတယ်။


(၁) Galaxy A9 (2018)

Photo: androidauthority

Quad Cameras စနစ်ကို ပထမဆုံး သုံးလာတဲ့ စမတ်ဖုန်းပါ။ ကျောဘက်မှာ 24MP ပင်မကင်မရာ ၊ 8MP ultra-wider sensor ၊ 5MP depth sensor နဲ့2x optical zoom ဆွဲနိုင်မယ့် 10MP tele ကင်မရာ ၄ လုံး ပါပါတယ်။

မျက်နှာပြင် ၆.၃၈ လက်မ Super AMOLED display နဲ့လာပြီး ကျောဘက်မှာ fingerprint scanner သုံးထားပါတယ်။ အနက် ၊ အပြာနဲ့ပန်းရောင်ကာလာ ၃ မျိုးနဲ့ထွက်ထားပြီး RAM 6GB/128GB storage ကို Shop.com.mm မှာ မြန်မာငွေ ၇ သိန်း ၃ သောင်းနဲ့ရောင်းချနေပါတယ်။


ဒီမှာ ဝယ်ပါ





(၂) Nova 5i


Photo: The Verge

ဒီနှစ် ဇွန်လထဲမှာ မိတ်ဆက်ခဲ့တဲ့ Nova 5i ကတော့ punch hole ကင်မရာပေါက်နဲ့ထူးခြားတဲ့ ဒီဇိုင်း သုံးထားတဲ့ ဖုန်းပါ။ မျက်နှာပြင် ၆.၄ လက်မ LCD screen သုံးပြီး Kirin 710 processor ၊ RAM 6GB/128GB ပါရှိပါတယ်။

ကျောဘက်မှာတော့ 24MP primary ကင်မရာ ၊ 8MP ultra-wide ၊ 2MP macro lens နဲ့2MP depth sensor ဆိုပြီး ကျောဘက်ကင်မရာ ၄ လုံး ပါဝင်ပါတယ်။ 4000 mAh ဘက်ထရီသုံးပြီး fingerprint scanner ကို ကျောဘက်မှာ သုံးထားပါတယ်။ တရုတ်မှာ မိတ်ဆက်ခဲ့စဉ်ကတော့ Nova 5i ကို ၁၉၉၉ ယွမ် ( မြန်မာငွေ ၄ သိန်းခွဲခန့်) ဈေးကနေ စတင်ရောင်းချသွားမယ်လို့ကြေညာထားပါတယ်။


ဒီမှာ ဝယ်ပါ




(၃) Lenovo Z6 Pro

Photo: India Today


Lenovo Z6 Pro ကတော့ အခု ပြောမယ့် Quad Lens သုံး ဖုန်း ၄ မျိုးမှာ ဈေးအများဆုံးလို့ပြောနိုင်ပါတယ်။ Snapdragon 855 SoC ၊ 4000 mAh ဘက်ထရီ ၊ under-display လက်ဗွေနည်းပညာအပြင် RAM ကို 6GB ကနေ 12GB အထိ ထွက်ထားပါတယ်။

waterdrop notch သုံးပြီး မျက်နှာပြင် ၆.၃၉ လက်မ ပါရှိပါတယ်။ Liquid Cooling အအေးခံစနစ်နဲ့ဖုန်းအပူလွန်ကဲမှုကို ထိန်းသိမ်းပေးမှာ ဖြစ်လို့စမတ်ဖုန်းဂိမ်းသမားတွေ အကြိုက်တွေ့မှာပါ။ ကျောဘက် ထောင်လိုက် ကင်မရာ ၄ လုံးတွဲဟာ 16MP wide-angle lens ၊ 48MP main camera ၊ 8MP telephoto နဲ့video ရိုက်ကူးမှုကို အဆင့်မြှင့်ပေးမယ့် 2MP ကင်မရာတွေနဲ့ဖွဲ့စည်းထားပါတယ်။

၁၂၅ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ lens နဲ့၂.၃၉ စင်တီမီတာအကွာအဝေးကိုပါ focus အငြိမ်ဖမ်းနိုင်မယ့် super macro စနစ်တို့သုံးထားတဲ့ ဒီဖုန်းကို အစိမ် ၊ အနီ ကာလာ ၂ ရောင်တည်းနဲ့မိတ်ဆက်ထားပြီး ဈေးကတော့ အနည်းဆုံး ၂၈၉၉ ယွမ် ( မြန်မာငွေ ၆ သိန်းခွဲကျော်) ပါတယ်။


ဒီမှာ ဝယ်ပါ



(၄) Realme 5

Photo: Revu PH


ဒီတစ်ပတ်ထဲမှ ထွက်လာတဲ့ Fresher လေးပါ။ Realme ဟာ budget brand တစ်ခုအနေနဲ့ပြီးခဲ့တဲ့နှစ်ကမှ ဈေးကွက်ထဲ စဝင်ခဲ့တဲ့ စမတ်ဖုန်းကုမ္ပဏီဖြစ်ပြီး Realme 5 ဟာ Quad Lens သုံး စမတ်ဖုန်းတွေထဲမှာ ဈေးအနည်းဆုံးလို့ပြောနိုင်ပါတယ်။

Realme 5 မှာ primary ကင်မရာကို 12MP sensor သုံးထားပြီး ကျန်တဲ့ ကင်မရာ သုံးလုံးကတော့ ၁၁၇ ဒီဂရီ 8MP wide-angle ကင်မရာ ၊ 2MP depth ကင်မရာ နဲ့၄ စင်တီမီတာ focus ဖမ်းနိုင်မယ့် 2MP macro ကင်မရာဆိုပြီး ပါရှိပါတယ်။ ၆.၅ လက်မ screen နဲ့အတူ 5000 mAh ဘက်ထရီ ပါလာပြီး Snapdragon 665 processor ကို သုံးထားပါတယ်။

RAM 3GB/32GB ၊ 4GB/64GB နဲ့4GB/128GB ဆိုပြီး မော်ဒယ် ၃ မျိုးထွက်ထားပြီး Crystal Blue နဲ့Crystal Purple ကာလာ ၂ ရောင်နဲ့ထွက်ထားပါတယ်။ အိန္ဒိယဈေးကွက်မှာ Realme 5 ကို ၉၉၉၉ ရူပီး ( မြန်မာငွေ ၂ သိန်းကျော်) ဈေးကနေ စတင်ရောင်းချသွားမယ်လို့ကြေညာထားပါတယ်။


ဒီမှာ ဝယ်ပါ


Share

Loading Next Article...
က္က